Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို

မြေပြင်ထိုးစစ် အစီအမံတွေနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် နေတန်ယာဟုကတော့ အာဏာပိုင် ပုဂ္ဂိုလ်တွေ အားလုံးကြားမှာ တစိတ်တဝှမ်းတည်း ရှိနှင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို
မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ စစ်တပ်တွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ မြေပြင်ထိုးစစ် အလုံးအရင်း ဆင်နွှဲဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့ပေမယ့် ဘယ်နေ့လဲ ဆိုတာကိုတော့ ထုတ်ပြန်မသွားခဲ့ပါဘူး။

နေတန်ညာဟုက အောက်တိုဘာ ၇ ရက်မှာ ဟားမားစ် ပြောက်ကျားတွေရဲ့ ကျူးကျော်စစ်ပြုမှုကို ခံရကတည်းက အစ္စရေးဟာ မြေပြင်ထိုးစစ်အတွက် စုစည်း ပြင်ဆင်နေခဲ့ပြီး အခုအခါ အင်ပြည့်အားပြည့် အခြေအနေမျိုးထိ ရောက်ရှိလာပြီလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဟားမားစ်တွေက အစ္စရေးရဲ့ အချုပ်အခြာ အာဏာကို လွယ်လွယ်ကူကူ ထိပါးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူအပါအဝင် တာဝန်ရှိသူ အားလုံးဟာ တိတိကျကျ ဖြေရှင်းဖို့၊ တာဝန်ယူဖို့ လိုကြောင်း၊ ဒါပေမဲ့ အဲဒီကိစ္စကို စစ်ပွဲပြီးမှ ဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

မြေပြင်ထိုးစစ် အစီအမံတွေနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် နေတန်ယာဟုကတော့ အာဏာပိုင် ပုဂ္ဂိုလ်တွေ အားလုံးကြားမှာ တစိတ်တဝှမ်းတည်း ရှိနှင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေကိုတော့ အကျယ်တဝင့် ရှင်းလင်းနေမှာ မဟုတ်ကြောင်း၊ လောလောဆယ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်သမား ထောင်ဂဏန်းလောက်ကို ရှင်းလင်းထားနိုင်ခဲ့ပြီး ဒီကိစ္စဟာ အစသာ ရှိသေးတာကို နားလည်သင့်ကြောင်းလည်း ခြိမ်းခြောက်သွားပါတယ်။

နောက်ပြီး ဂါဇာ မြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ပြည်သူတွေ အနေနဲ့လည်း တောင်ပိုင်းကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ သူက ထပ်သတိပေးသွားပါတယ်။

ဟားမားစ်တွေက နယ်စပ်စည်းရိုးကို ကျော်ဖြတ်ပြီး အစ္စရေး မြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်မှုမှာ လူပေါင်း ၁၄၀၀ ကျော်လောက် သေဆုံးပြီး ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစ္စရေးရဲ့ ထောက်လှမ်းရေးဌာနနဲ့ လုံခြုံရေး အစီအမံတွေအပေါ် အကြီးအကျယ် ဝေဖန်ထိုးနှက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။