Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မှာ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ပိတ်မိနေ

တရုတ် − မြန်မာ နယ်စပ် လောက်ကိုင်မြို့ဟာ လောင်းကစားဝိုင်းတွေကြောင့် နာမည်ကျော်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်လုပ်ကိုင်ကြတာရှိပါတယ်။

လောက်ကိုင်မြို့ ညဘက်မြင်ကွင်း
လောက်ကိုင်မြို့ ညဘက်မြင်ကွင်း

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာ တရုတ်နယ်စပ်အနီးက ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ထိုင်းနိုင်ငံသား ၁၆၂ ဦးပိတ်မိနေတယ်လို့ ထိုင်းသတင်းဌာန Thai PBS က ဒီနေ့ မှာဖော်ပြပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးဟာစစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ဆိုပါတယ်။

ပိတ်မိနေတဲ့နိုင်ငံသားတွေရဲ့ အခြေအနေကို လည်း ထိုင်းဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်ကို THAI PBS က ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ လောက်ကိုင်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေရဲ့အခြေအနေကို ထုတ်ပြန်တာမျိုးမရှိပါဘူး။

Public Service Announcement

Public Service Announcement

တရုတ် − မြန်မာ နယ်စပ် လောက်ကိုင်မြို့ဟာ လောင်းကစားဝိုင်းတွေကြောင့် နာမည်ကျော်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်လုပ်ကိုင်ကြတာရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတတိယပတ်အတွင်းမှာတော့ လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကျော်ကို ပြန်ခေါ်ထုတ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းထိုင်းအစိုးရဘက်က ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်ပြည်သူ့စစ်တို့ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ဆီတိုက်ပွဲတွေရောက်မလာသေးပေမယ့် လောက်ကိုင်မြို့အဝင် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်(MNDAA) က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းယူထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။