Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရိက္ခာသယ်မည်ဖြစ်၍ ပခုက္ကူ – ကမ္မ – ရေပြာလမ်းပိုင်းကို PDFများ ပိတ်

စစ်ကောင်စီတပ်က ပေါက်မြို့နယ်မြောက်ပိုင်းတွင် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ပခုက္ကူနှင့် ပေါက်မြို့ကိုဆက်သွယ်ထားသည့် ပခုက္ကူ – ကမ္မ – ရေပြာလမ်းပိုင်းကို ယနေ့ (နိုဝင်ဘာ ၇ရက်)မှစတင်ပြီး ကူးသန်းခွင့်ပိတ်လိုက်ကြောင်း ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဒေသန္တရလုံခြုံရေးအခြေအနေအရ မည့်သည့်လူပုဂ္ဂိုလ်နှင့် ယာဉ်တို့ ကူးသန်းခွင့်မပြုပဲ လုံးဝပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါတပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်လိုက်သည်။

“ရိက္ခာနဲ့ လက်နက်တွေ ပေါက် – ရေပြာလမ်းပိုင်းကို သုံးမယ်သတင်းရထားလို့ ပိတ်တာပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပေါက်မြို့နယ် အနောက်ပိုင်း အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ် ယာ်တန်းထွက်လာပြီးနောက် ပေါက်မြို့နယ်ကို ဦးတည်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ပေါက်မြို့ပေါ်တွင် စစ်ကောင်စီက ကားများပြင်ဆင်နေသည်ဟု မကြာခင်ရက်ပိုင်းအတွင်း စစ်ကောင်စီက ယာဥ်တန်းဖြတ်သန်းမည်ဟု ခန့်မှန်းကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အရေးပေါ်ကိစ္စနှင့်ကျန်းမာရေးကိစ္စများရှိပါက သက်ဆိုင်ရာ ရပ်ရွာ၊မြို့နယ်နှင့် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များထံ ချိတ်ဆက်အကြောင်းကြား၍ သေန္တရ ညွန်ကြားချက်ဖြင့်သွားလာရမည်ဟုလည်း အဆိုပါတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က ဆိုသည်။

ယခုကြေညာချက်သည် နောက်ထက်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း အသက်ဝင်မည်ဖြစ်ပြီး မလိုက်နာဘဲ ဖြတ်သန်းပါက နောက်ဆက်တွဲဖြစ်ရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်က ပေါက်မြို့နယ်မြောက်ပိုင်းတွင် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။