Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းကို PDF ပူးပေါင်းတပ် နှစ်ကြိမ်တိုက်ခိုက်

တနင်္သာရီမြို့နယ်အခြေစိုက် ‌‌‌ခြေမြန်တပ်ရင်း (ခမရ-၅၆၁)မှ သိန္ဓောစခန်းသို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၄ ရက် ညနေ ၃နာရီခွဲတွင် ဘန်ကျုတ်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၂)က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီမြို့နယ်တွင် ရိက္ခာပို့လာသော စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အခြေစိုက် ‌‌‌ခြေမြန်တပ်ရင်း (ခမရ-၅၆၁)မှ သိန္ဓောစခန်းသို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၄ ရက် ညနေ ၃နာရီခွဲတွင် ဘန်ကျုတ်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၂)က ပြောသည်။

“ခြေကျင် စစ်ကြောင်းခင်ဗျား။ အင်အား ၈၀ကျော်လောက်ပါတယ်။ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း (၂)၊တပ်ခွဲ(၁)နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းသည် တိုက်ခိုက်ခံရသည့် ဘန်ကျုတ်ရွာအနီး ပိတ်မိခဲ့ရာမှဆက်ထွက်လာရာ နိုဝင်ဘာ ၆ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သကျက်အုပ်စု ကျွဲထိန်းကုန်းရွာနှင့် ကဏန်းကွင်းကျေးရွာကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ထပ်မံ ပြူလုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၅ နာရီကျော်ကြာမြင့်ပြီး စစ်ကောင်စီစီဘက်မှ ငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိ၍ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ သုံးဦးဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၆၀)မမ ဗုံးသီးခုနစ်လုံးနှင့် MA1 ကျည်အိမ်တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြရန် ပြည်သူများ၏ လုံခြုံရေးကိုရှေး ရှု၍ တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။