Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီတပ်က ပြည်သူငါးဦးထက်မနည်းကိုဖမ်းဆီး ၊​ဒေသခံ​တော်လှန်​ရေးအဖွဲ့နှင့်ပစ်ခတ်မှုတွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး​သေ

ထီးချိုင့်မြို့တွင်း မြို့ပြင်နေရာများကို စစ်ကောင်စီအင်အားအများအပြားက အောက်တိုဘာ၈ရက်ညတွင် ဝင်​ရောက်ရှာ​ဖွေခြင်း ၊စစ်​ဆေးခြင်းများပြုလုပ်ခဲ့​ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယ​နေ့ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်း အင်အားဖြည့်တင်းနေသည့်အကြမ်းဖက်စစ်ကောင်စီက ထီးချိုင့်မြို့တွင် ဝင်​ရောက်မွှေနှောက်ပြီး အရပ်သားငါးဦးထက်မနည်းကို ဖမ်းဆီးသွား​ကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့တွင်း မြို့ပြင်နေရာများကို စစ်ကောင်စီအင်အားအများအပြားက အောက်တိုဘာ၈ရက်ညတွင် ဝင်​ရောက်ရှာ​ဖွေခြင်း ၊စစ်​ဆေးခြင်းများပြုလုပ်ခဲ့​ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယ​နေ့ သတင်းထုတ်ပြန်သည်။

အရပ်သားများကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထား၍ မြို့ခံများ သတိနှင့်နေထိုင်ကြရန်HPDF က သတိပေးသည်။

စစ်ကောင်စီအား ခုခံတော်လှန်ရာတွင် အောင်မြင်နေသည့် အလယ်တောရွာကို စစ်သားနှင့်ရဲများသတင်ပေးများက ပိတ်ဆို့ပြီးနေအိမ်တိုင်းကို ပိတ်ဆို့ရှာဖွေခဲ့သည်ဟုဘည်းဆိုသည်။ထို့အပြင် အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့​ကြောင်းလည်းHPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိုးစစ်ဆင်မည်ဟု သတင်းများထွက်နေပြီး အင်အားသုံးထောင်ခန့်အထိ ပို့ဆောင်ထားသည်ဟု ဒေသတွင်းသ တင်းရင်းမြစ်များကပြောသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ကနီ၊ မင်းကင်း၊ ကသာ၊ပုလဲ၊ထီးချိုင့် ၊ပင်လယ်ဘူး စ​​သော ဒေသအနှံတွင် စစ်ကောင်စီတပ်များကို ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ခုခံ​​တော်လှန်​နေပြီး စစ်​ကောင်စီတပ်များအထိနာ​နေ​သည်။

ယနေ့နံနက်တွင် ထီးချိုင့်မြို့အား စစ်ကောင်စီက ပိတ်ဆို့စစ်​ဆေးခြင်း ၊ရှာ​ဖွေစစ်​ဆေးခြင်းများညဆက်လက်ပြုလုပ်​နေပြီး မုံရွာမြို့တွင်လည်း စစ်ရဟတ်ယာဥ်အများအပြားပျံသန်းနေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။