Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

အမေရိကန်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး မြောက်ကိုရီးယားဟာ နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

အစ်ကိုဖြစ်သူရဲ့ အနီးကပ် အကြံပေး တာဝန်ယူထားပြီး မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ ဩဇာ အကြီးမားဆုံး အမျိုးသမီး အနေနဲ့ သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်က အခုလို ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တုန်းက မြောက်ကိုရီးယားနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ရလဒ်ပိုင်းအရ မအောင်မြင်ခဲ့ဘဲ အခြေအနေတွေ ပြန်လည် ခါးသီး အေးစက်သွားခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲတွေမှာ ကိုယ်တိုင် ပါဝင်စီစဉ်ခဲ့ဖူးသူ ယိုဂျောင်က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ကို တင်းတင်းမာမာ တုံ့ပြန်ရင်း နောက်တစ်ကြိမ် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုံးဝ ရှိမလာစေရဘူးလို့ ပြောဆိုသွားခဲ့တာပါ။ ဒါ့အပြင် နိုဝင်ဘာလမှာ မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ သူလျှိုဂြိုဟ်တုမျိုးတွေ နောက်ထပ်လည်း ထပ်ပြီး လွှတ်တင်ဦးမယ်လို့ ယိုဂျောင်က ဆိုပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ စစ်အင်အားတွေ လျှော့ချရေး သဘောတူညီချက်ကနေလည်း နုတ်ထွက်ခဲ့ပြီး နယ်စပ်စည်းတလျှောက် လုံခြုံရေး ကင်းစခန်းတွေ တိုးမြှင့်တည်ဆောက်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။