Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီ ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်၍ အမျိုးသမီးနှစ်ဦးသေဆုံး

လားရှိုးမြို့နယ် ပန်သပြေအုပ်စု၊ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ည ၉နာရီကျော်အချိန်တွင် အရပ်သားများကို ဦးတည်ပြီး ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang)
(စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဗုံး လေးလုံး ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ နှစ်ဦး ထပ်မံသေဆုံးကာ နေအိမ် ၉လုံး ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

လားရှိုးမြို့နယ် ပန်သပြေအုပ်စု၊ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ည ၉နာရီကျော်အချိန်တွင် အရပ်သားများကို ဦးတည်ပြီး ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံတွေကျေးရွာ ဒေသခံအမျိုးသမီး နှစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အရပ်သားများအား ပေါင် (၅၀၀) ဗုံးများအပြင် ဗုံးပဒေသာ ဟုခေါ်ဆိုသည့် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်လာနေသည်ဟု TNLAက အသိပေးထားပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရပ်သား ပြည်သူ ၁၀၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေကြောင်း TNLAနှင့် ကိုးကန့်တပ်မတော်(MNDAA) တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။