Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။

အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ
အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ

ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့တိုင် အမေရိကန် အစိုးရဟာ အစ္စရေးအတွက် F-15 တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ မီးစိမ်းပြလိုက်ပါတယ်။

အခု သဘောတူညီထားတဲ့ လက်နက် အရောင်းအဝယ် စာချုပ်ဟာ ဒေါ်လာ ၁၈ ဘီလီယံကျော် တန်ဖိုးရှိမယ်လို့ ယူဆရပြီး အမေရိကန်လုပ် အဆင့်မြှင့်တင်ထားတဲ့ F-15 တိုက်လေယာဉ် အစီး ၅၀ လောက်ကို အစ္စရေးဆီ တင်ပို့ပေးမှာ ဖြစ်တယ်လို့ အကြောင်းသိတွေက ပြောပါတယ်။

F-15တွေရဲ့ ထုတ်လုပ်မှု သက်တမ်းဟာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် McDonell Douglasနဲ့ Boeing ကုမ္ပဏီတို့ဟာ နည်းပညာပိုင်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး စာရင်းဝင် တိုက်လေယာဉ် အမျိုးအစား တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

F-15တွေဟာ ဝေဟင်စီးချင်း တိုက်ပွဲတွေမှာ လုံးဝ အရှုံးမရှိခဲ့ဘူးဆိုတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားပြီး အစ္စရေး လေတပ်ရဲ့ မဟာဗျူဟာမြောက် အားအကိုးဆုံး တိုက်လေယာဉ် အမျိုးအစားလည်း ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ အမေရိကန်က အစ္စရေးဆီ တိုက်လေယာဉ်တွေ ထပ်မံရောင်းချပေးဖို့ မူအားဖြင့် လက်ခံလိုက်ပေမယ့် ချက်ချင်းတော့ လေယာဉ်အသစ်တွေကို ပို့ဆောင်ပေးမယ့် အလားအလာ မရှိပါဘူး။ အထူးသဖြင့် ဂါဇာထိုးစစ်မှာ အစ္စရေးကို ထောက်ခံကူညီလို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ လက်ရှိ ကာလမျိုးမှာ အခုလို ထိလွယ်ရှလွယ် ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးကို သတိကြီးကြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ပြီးတော့ အမေရိကန် လွှတ်တော်မှာ၊ အထူးသဖြင့် သမ္မတ ဘိုင်ဒန် ကိုယ်စားပြုတဲ့ ဒီမိုကရက်ပါတီရဲ့ အတွင်းပိုင်းမှာတင် အခုလို တိုက်လေယာဉ်တွေ အစ္စရေးဆီ ရောင်းချပေးတဲ့ ကိစ္စအပေါ် အပြင်းအထန် ဆွေးနွေး ငြင်းခုံကြရဖို့ ရှိနေပါတယ်။ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီကတော့ အစ္စရေးကို တိုက်လေယာဉ်တွေ ရောင်းပေးမယ့် ကိစ္စကို လိုလားထောက်ခံမယ့် သဘောမျိုး ပြသထားပါတယ်။

ဟားမားစ်တွေက အစ္စရေးပိုင်နက်ကို ကျူးကျော်လို့ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း အမေရိကန်ဟာ အစ္စရေးအတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှု အကြိမ်ပေါင်း ၁၀၀ ကျော် သဘောတူခဲ့ပေမယ့် အများစုက လွှတ်တော်ရဲ့ သဘောတူညီမှု လုပ်ထုံးလုပ်နည်း ကိစ္စတွေ ကြန့်ကြာတာကြောင့် အထမမြောက်ခဲ့ပါဘူး။

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။

သတင်း

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

Facebook