Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး
⁨⁨တရုတ်မှာ တောင်ပတ် ကားလမ်းပြိုကျပြီး လူနှစ်ဒါဇင် သေဆုံး

တရုတ်နိုင်ငံမှာ တောင်ပတ် ကားလမ်း အပိုင်းတစ်ခု ရုတ်တရက် ပြိုကျသွားရာက လူပေါင်း နှစ်ဒါဇင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၁ ရက်နေ့တုန်းက ကွမ်တုံပြည်နယ်ထဲက မိုင်လောင် အဝေးပြေး လမ်းမပေါ်မှာ ကားတွေ ဖြတ်သန်းသွားလာနေတဲ့အချိန် ဆိုးရွားလှတဲ့ လမ်းပိုင်းပြိုကျမှုကြီး ဖြစ်ခဲ့တာပါ။

ရုတ်တရက် တောင်ပတ်လမ်း ပြိုဆင်းသွားရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အခင်းဖြစ်ချိန်က မိုးသည်းသည်းထန်ထန် ရွာသွန်းနေပြီး အောက်ခံ မြေသားတွေ ပျော့နေနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ လေးလမ်းသွား ကားလမ်းရဲ့ ထက်ဝက်ဖြစ်တဲ့ ယာဉ်ကြောတစ်ခုလုံးစာမှာ ကျယ်ဝန်းတဲ့ မြေသားပြိုကျမှုကြီး ဖြစ်နေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုကျသွားချိန်မှာ ကားတွေက ဒလိမ့်ကောက်ကွေး ထိုးကျသွားပြီး တချို့က မီးစွဲလောင်ခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း ကားအစီး ၂၀ လောက်ထိ အဲဒီ မြေကျွံပြိုကျမှုကြီးမှာ ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းက အသေအပျောက် ပမာဏကို ၁၉ ဦးလို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက ၂၄ ဦးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဆေးရုံတက်နေရသူ ၃၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

ကွမ်တုံဟာ တရုတ်ရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး လတ်တလောမှာ ဒေသအနှံ့ မိုးသည်းသည်းထန်ထန် ရွာသွန်းလို့ ရေကြီးမှုတွေနဲ့လည်း ကြုံနေရပြီး အသေအပျောက်တွေ ရှိခဲ့သလို လူပေါင်း သိန်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမှာလည်း လေဆင်နှာမောင်းတိုက်ပြီး လူ ၅ ဦးသေဆုံးခဲ့သလို အိမ်တွေ၊ စက်ရုံ အလုပ်ရုံတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မြို့ထဲမှာ ဂေါက်သီးလုံး အရွယ်အစားလောက် မိုးသီးတွေ အများအပြား ကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: SCMP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။