Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် မလည်ရွာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုများ

မလည်ကျေးရွာသည် ယမန်နှစ် ဧပြီ ၈ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆၈ဦး သေဆုံးခဲ့ရသည့် ပဇီကြီးရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။

(တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး စခန်းအား မီးရှို့ဖျက်ဆီး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊မလည်ကျေးရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာ စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မေလ ၇ ရက်) နံနက် ၅ နာရီ ၁၅မိနစ် ခန့်က ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား ကန့်ဘလူခရိုင် PDFတပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်အထိနာ၍ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၁၀ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်နှင့် Y-12စစ်ထောက်ပို့ယာဉ်တစ်စီးတို့ဖြင့် ၃နာရီနီးပါးပျံဝဲကာ ၁၆ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်းဘက်ခြမ်းမှလည်း ဟောင်ဝစ်ဇာဖြင့် အကြိမ်၅၀ထက်မနည်း ပစ်ကူပေးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

တော်လှန်ရေးတပ်ဖွဲ့များက ဘန်ကာများအား ဖြိုဖျက်ကာ စခန်းကုန်းအား သိမ်းပိုက်နေရာယူနိုင်ခဲ့သည်။

တိုက်ပွဲကြာချိန် ၈ နာရီခန့်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီကလည်း နေ့လယ်ပိုင်းတွင် ယမနေပျူစောထီးရွာမှ အင်အား ၁၅၀ခန့်၊ မန္တလေးတိုင်းဘက်ခြမ်းမှ အင်အား ၇၀ခန့်တို့ဖြင့် ကုန်ကြောင်း၊ ရေကြောင်းများမှ စစ်ကူဝင်ရာက်လာကြောင်း၊ လေကြောင်းပစ်ခတ်မှုများနှင့် စစ်ကူများရောက်ရှိလာခြင်းကြောင့် ဆုတ်ခွာခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“မန္တလေးဘက်ခြမ်းရော တခြားဘက်ကနေကော တိုးလာတာရော လေကြောင်းပစ်ကူရောဆိုတော့ စခန်းကုန်းရောက်မှ ဘန်ကာတွေမီးရှို့ပြီး ပြန်ဆုတ်ခဲ့ရတယ်။ ထိုင်လို့တော့မရဘူးပေါ့။ “ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များမှကလည်း ထိခိုက်ကျဆုံးသူအချို့ရှိခဲ့သည်ဟု သိရပြီး အသေးစိတ်မသိရသေးပေ။

တိုက်ပွဲများကြောင့် မလည်တိုက်နယ်အတွင်းရှိ ကျေးရွာအများအပြားမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မလည်ကျေးရွာသည် ယမန်နှစ် ဧပြီ ၈ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆၈ဦး သေဆုံးခဲ့ရသည့် ပဇီကြီးရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။