Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ပိုမြင်လာရနိုင်တယ်လို့ တောင်ကိုရီးယားဆို

အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားဟာ မြောက်ပိုင်းက ရန်ဘက် အိမ်နီးချင်းတွေနဲ့ တင်းမာမှုတွေ အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ပိုမြင်လာရနိုင်တယ်လို့ တောင်ကိုရီးယားဆို
အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ပိုမြင်လာရနိုင်တယ်လို့ တောင်ကိုရီးယားဆို

အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေအတွင်း မြောက်ကိုရီးယားဆီက ပိုပြီး ရန်လိုတဲ့ လုပ်ရပ်တွေကို တွေ့မြင်လာရနိုင်ခြေ ရှိတယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။

အမေရိကန်မှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်တို့ အားပြိုင်မယ့် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်မှာ ကျင်းပသွားမှာပါ။ အဲဒီမတိုင်ခင် အတောအတွင်း မြောက်ကိုရီးယားဟာ နှစ်ဖက် တင်းမာမှုတွေကို ပိုဆိုးလာအောင် မီးစာဖြည့်ပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်ရိပ်စစ်ငွေ့တွေ ယှက်သန်းလာအောင် လုပ်ဆောင်လာနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောကြားခဲ့ပါတယ်။

တကယ်တမ်း စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ခြေက အရမ်းနည်းပါးပေမယ့်လည်း အမေရိကန် ရွေးကောက်ပွဲအကြို ကာလတွေမှာ တင်းမာမှုတွေ ဆိုးသထက်ဆိုးအောင်တော့ မီးမွှေးနိုင်ခြေ ရှိနေတယ်လို့ CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

တကယ်တမ်း စစ်ဖြစ်ပြီ ဆိုတာနဲ့ မြောက်ကိုရီးယားမှာ ကင်မ်ဂျုံအွန် ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလို့ ရှင်က ဆိုပါတယ်။ သူဟာ အာရှတိုက်ရဲ့ အကြီးကျယ်ဆုံး လုံခြုံရေး ညီလာခံဖြစ်တဲ့ ရှန်ဂရီလာကို တက်ရောက်ဖို့ စင်ကာပူကို ရောက်နေခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ဖြစ်နိုင်ခြေ နည်းလွန်းတယ် ဆိုရင်တောင်မှ ရာနှုန်းပြည့် လုံးဝ မဖြစ်နိုင်ဘူးလို့တော့ ပေါ့ဆနေလို့ မရကြောင်း၊ မြောက်ကိုရီးယားရဲ့ စိတ်ကူးတွေက မှန်းဆရ ခက်လွန်းနေကြောင်း၊ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ကိုင်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် အပျက်စီးခံဖို့ မဟုတ်ဘဲ ဆက်လက် ရှင်သန်တည်မြဲဖို့ အာမခံချက် အနေနဲ့ ဖြစ်တာကြောင့် သူတို့နိုင်ငံရဲ့ ခြိမ်းခြောက်မှုတိုင်းဟာ အန္တရာယ် ရှိနေတာကို နားလည်ထားသင့်ကြောင်း ရှင်က ဆိုပါတယ်။

လတ်တလောမှာတော့ အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားဟာ မြောက်ပိုင်းက ရန်ဘက် အိမ်နီးချင်းတွေနဲ့ တင်းမာမှုတွေ အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြောက်ကိုရီးယားဖက်ကနေ အမှိုက်သရိုက်တွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်း ၆၀၀ လောက်ကို တောင်ကိုရီးယားဖက် လွှတ်တင်ခဲ့တဲ့နောက် တောင်ကိုရီးယားက နှစ်နိုင်ငံကြား စစ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားက သူတို့ရဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားရဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ နိုင်ငံပိုင်နက်ထဲ လွှတ်တင်တာကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။