Connect with us

Hi, what are you looking for?

သတင်း

မြန်မာကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတောင်းဆို

မြန်မာပြည်ရှိ ကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

မြန်မာကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတောင်းဆို
မြန်မာကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတောင်းဆို

▪️စစ်အုပ်စုကို အရေးယူရန် လုံခြုံရေးကောင်စီသို့ အရပ်ဘက်အဖွဲ့အစည်း ၈၉ ဖွဲ့ အိတ်ဖွင့်ပေးစာ ပေးပို့

ထားအိ/People’s Spring

“နိုင်ငံတကာအနေဖြင့် ကျေးဇူးပြု၍ နိုးထပေးကြပါ၊ လူသားဆန်မှုကို ဦးစားပေးကြပါ” ဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ယမန်နေ့(ဇွန်လ ၂၇ရက်)တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ ကျင်းပသော ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ(Children and Armed Conflict)ဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ မိန့်ခွန်းပြောကြားသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ ရင်ဆိုင်နေရသည့် ဆို့နင့်ဖွယ် အခြေအနေများ၏ အဓိကအရင်းအမြစ်သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း လုံခြုံရေးကောင်စီသို့ သံအမတ်ကြီးက အစီရင်ခံသည်။ မြန်မာကလေးငယ်များသည် စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီးပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

အာဏာသိမ်းစစ်တပ်မှ ၎င်း၏ တရားမဝင်သော စစ်အာဏာသိမ်းမှုကို ချုပ်ငြိမ်းခြင်း၊ စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းခြင်းနှင့် အပြစ်ကျူးလွန်မှုများအတွက် တာဝန်ခံခြင်း ရှိမှသာလျှင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများကို ဖြေရှင်းနိုင်မည်ဟု မြန်မာသံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

လုံခြုံရေးကောင်စီသည် မြန်မာအရေးကိစ္စအတွက် ယခုထက်ပို၍ လုပ်ဆောင်နိုင်ပြီး အာဏာသိမ်း စစ်တပ်က ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆို(၂၆၆၉)အား လိုက်နာဆောင်ရွက်မှု ဂရုစိုက်မှုလုံးဝမရှိသည်မှာ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်တာဝန်၊ အခွင့်အာဏာနှင့် အင်အားတို့ကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

မြန်မာကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတောင်းဆို
မြန်မာကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတောင်းဆို

တစ်ချိန်တည်းတွင် လုံခြုံရေးကောင်စီ(UNSC)အနေဖြင့် အရေးပေါ်အစည်းအဝေးတရပ်ချက်ချင်းခေါ်ယူပြီး မြန်မာနိုင်ငံတဝှမ်းတိုးပွားလာသော အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတိုင်းရင်းသားများအပါအဝင် မြန်မာတစ်နိုင်ငံလုံးပြည်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက် အရေးယူဆောင်ရွက်မှုတစ်ရပ်ညှိနှိုင်းလုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့အစည်း ၈၉ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

UNSC သည် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်နှင့် လေယာဥ်လောင်စာဆီ တင်ပို့ရောင်းချမှုအား ပိတ်ဆို့တားဆီးမှုများနှင့် မြန်မာနိုင်၏ အကျပ်အတည်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံးICC)သို့ လွှဲပြောင်းပေးခြင်း (သို့မဟုတ်) ရာဇ၀တ်ခုံရုံးတစ်ခု ထူထောင်ပေးခြင်းတို့ ပါ၀င်သည့် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ကို အမြန်ဆုံး ချမှတ်ပေးရန်လည်း အထက်ပါအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုသည်။

UNSC၏ အရေးပေါ်အရေးယူဆောင်ရွက်မှုဖြင့် ဆက်လက်ဖြစ်ပွားနေသော ရာဇဝတ်မှုများကို မရပ်တန့်နိုင်သရွေ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးနှင့် ရခိုင်လူမျိုးများအပြင် မြန်မာနိုင်ငံတဝှမ်းရှိ အခြားသောလူနည်းစုတိုင်းရင်းသားများသည် အတိဒုက္ခများနှင့် အကြမ်းဖက်မှုများကို ဆက်လက်ကြုံတွေ့ခံစားနေကြရဦးမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...