Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ကွဲပြားတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း တိုက်ခိုက်နိုင်တဲ့ ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

ကွဲထွက်သွားတဲ့ ထိပ်ဖူးတွေဟာ လမ်းညွှန်ထားတဲ့အတိုင်း အမှားအယွင်းမရှိ ပျံသန်းပြီး စီစဉ်ထားတဲ့ ပစ်မှတ် ၃ ခုကို ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် (KCNA) သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

⁨ကွဲပြားတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း တိုက်ခိုက်နိုင်တဲ့ ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်
⁨ကွဲပြားတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း တိုက်ခိုက်နိုင်တဲ့ ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

ကွဲပြားတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း တိုက်ခိုက်နိုင်အောင် တည်ဆောက်ထားတဲ့ ဒုံးကျည် စမ်းသပ်မှုတစ်ခု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့တုန်းက မြောက်ကိုရီးယား စမ်းသပ် ပစ်ခတ်တဲ့ ဒုံးကျည်ဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်တဲ့ ဟိုက်ပါဆောနစ် အမျိုးအစား ဖြစ်နိုင်ပြီး လမ်းခုလတ်မှာ ပေါက်ကွဲသွားဟန် ရှိတယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အယူအဆအရ အဲဒီ စမ်းသပ်ချက်က ကျရှုံးခဲ့တဲ့သဘော ဖြစ်နေပေမယ့် မြောက်ကိုရီးယားကတော့ ဒုံးကျည်မှာ တစ်ခုချင်းစီ ကွဲထွက်ပြီး ပဲ့ထိန်းစနစ်နဲ့ သီးခြားစီ ပျံသန်းတဲ့ ထိပ်ဖူးတွေ တပ်ဆင်ထားခဲ့တာလို့ ဆိုပါတယ်။

ကွဲထွက်သွားတဲ့ ထိပ်ဖူးတွေဟာ လမ်းညွှန်ထားတဲ့အတိုင်း အမှားအယွင်းမရှိ ပျံသန်းပြီး စီစဉ်ထားတဲ့ ပစ်မှတ် ၃ ခုကို ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် (KCNA) သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည် စမ်းသပ်မှုရဲ့ မူလ ရည်ရွယ်ချက်ကိုက ဒုံးကျည် တစ်စင်းတည်းကနေ ထိပ်ဖူးတွေ ကွဲထွက်သွားပြီး တစ်ခုထက်ပိုတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း ချေမှုန်းနိုင်တဲ့ MIRV စနစ်ရဲ့ စွမ်းရည်ကို ဆန်းစစ်ဖို့ ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကတော့ မြောက်ကိုရီးယား ဒုံးကျည်ဟာ သာမန်ထက် မီးခိုးတွေ အလုံးအရင်း ထွက်နေခဲ့တဲ့အတွက် အားဖြည့် လောင်ကျွမ်းမှု အပိုင်းမှာ ပြဿနာကြုံပြီး မအောင်မြင်ခဲ့ဘူးလို့ ယူဆရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တာဝေးကို မြန်နှုန်းမြင့်မြင့် ပျံသန်းနိုင်တဲ့အပြင် နျူကလီးယား ထိပ်ဖူးတွေပါ သယ်ဆောင်နိုင်တဲ့ ဒုံးကျည် နည်းပညာပိုင်းမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိလာခဲ့ပြီး ဒုံးကျည်တစ်စင်းတည်းနဲ့ ကွဲပြားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မယ့် MIRVစနစ်ကတော့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန် အလိုအရှိဆုံး နည်းပညာ တစ်ခုလို့ ဆိုနိုင်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဖိအားပေး ပိတ်ဆို့မှုတွေ ကြုံတွေ့နေတဲ့တိုင် မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ တီထွင်မှုတွေဟာ အရှိန်မပျက် ဆက်လက် တိုးတက်နေဟန် ရှိတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။