Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးPDF က ​မတ္တရာတွင်စစ်​ကောင်စီ၏​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်အပါအဝင် တပ်စခန်း ၈ ခုကိုသိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

(မန္တ​လေး PDF က သိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီတပ်စခန်းများနှင့် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-MDY-PDF)
(မန္တ​လေး PDF က သိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီတပ်စခန်းများနှင့် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-MDY-PDF)

▪︎လက်နက်မျိုးစုံ ၁၂၅ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ ၊စစ်သုံ့ပန်းနှင့်လက်နက်ချသူ ၆၄ ဦးကိုသုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထား

▪︎ သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်​နေ

-​နေ့သစ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုအားအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်​ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

စစ်တပ်စခန်း ၈ ခုသိမ်းပိုက်စဥ် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိသည်။ ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိ​ကြောင်း ဇူလိုင် ၂ ရက်တွင်အသိ​ပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မန္တ​​လေး PDF သိမ်းပိုက်ထား​သောစခန်းများမှာ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများ ဖြစ်သည်။

မန္တ​လေး PDF က စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို သိမ်းပိုက်နိုင်​ကြောင်း ဇွန် ၂၆ ရက်ခန့်ကတည်းကသတင်းထွက်​​ပေါ်​နေ​​သော်လည်း ယခုမှတရားဝင်အတည်ပြုထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

“တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မန္တ​လေး PDF သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူဟန်ချက်ညီစွာဖြင့် နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်​ကောင်စီတပ်စခန်းများကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

(မန္တ​လေး PDF က သိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီတပ်စခန်းများနှင့် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-MDY-PDF)
(မန္တ​လေး PDF က သိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီတပ်စခန်းများနှင့် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-MDY-PDF)

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် မန္တလေးPDF နှင့်အတူ ဒေသခံကာကွယ်​ရေးတပ်ဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိ​ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ​ကြောင်းလည်း ထုတ်ပြန်သည်။

“တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook