Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ ဒုံးကျည် ဖြန့်ကျက်မှုတွေက စစ်အေးခေတ် ပဋိပက္ခမျိုးတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ ပူတင် သတိပေး

အမေရိကန်နဲ့ ရုရှားကြားမှာ စစ်အေးခေတ် ဒုံးကျည် အရေးအခင်းလို ပြဿနာမျိုး ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှားကြားမှာ စစ်အေးခေတ် ဒုံးကျည် အရေးအခင်းလို ပြဿနာမျိုး ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်ဟာ ဂျာမနီမှာ တာဝေးပစ် ဒုံးကျည်တွေ ဖြန့်ကျက်ထားမယ့် ကိစ္စကို ခေါင်းမာမာနဲ့ အကောင်အထည် ဖော်မယ်ဆိုရင် ရုရှားကလည်း အမေရိကန် ပိုင်နက်ကို လက်လှမ်းမီမယ့် နေရာတွေမှာ ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ စဉ်းစားရလိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။ အဲဒီ အခြေအနေကို အကြောင်းပြုပြီး စစ်အေးခေတ်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ကြားက ဒုံးကျည် အရေးအခင်းမျိုး ကိစ္စမျိုး မျက်မှောက်ခေတ်မှာ တကျော့ပြန် ကြုံတွေ့လာနိုင်တယ်လို့ သူက ဆိုပါတယ်။

လဆန်းပိုင်းတုန်းက အမေရိကန်ဟာ ၂၀၂၆ ခုနှစ် မတိုင်ခင် ဂျာမနီမှာ SM-6၊ Tomahawk ခရုစ်ဒုံးကျည်တွေ၊ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၈ ရက်နေ့တုန်းက စိန့်ပီတာစဘာ့ဂ်မြို့မှာ ရုရှားရေတပ်နေ့ အထိမ်းအမှတ်အဖြစ် ရုရှား၊ တရုတ်၊ အယ်လ်ဂျီးရီးယား ရေတပ်သားတွေနဲ့ တွေ့ဆုံချိန် မိန့်ခွန်းပြောရာမှာ ပူတင်က အမေရိကန်ရဲ့ အခင်းအကျင်းဟာ စစ်အေးခေတ် ဒုံးကျည် အရေးအခင်းမျိုးဆီ ဦးတည်နေစေတယ်လို့ ထည့်သွင်း သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီမှာ ဖြန့်ကျက်ထားမယ့် အမေရိကန် တာဝေးပစ် ဒုံးကျည်တွေဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ အခြေအနေမှာတောင် ရုရှားပိုင်နက်ဆီ ၁၀ မိနစ်အတွင်း ရောက်လာနိုင်တယ်လို့ ပူတင်က ဆိုပါတယ်။ ဒါကြောင့်လည်း ရုရှားဖက်က အလားတူ တန်ပြန်တဲ့ လက်နက် ဖြန့်ကျက်မှုတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြောကြားသွားပါတယ်။

စစ်အေးခေတ်တုန်းက ဆိုဗီယက်နဲ့ အမေရိကန်တို့ကြား စစ်ဖြစ်လုနီးပါးထိ တင်းမာတဲ့ ကျူးဘား ဒုံးကျည် အရေးအခင်းဟာ ၁၉၆၂ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီတုန်းက ဥရောပမှာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှုကို တန်ပြန်ဖို့ အမေရိကန် ပိုင်နက်နားက ကျူးဘားဆီ ဆိုဗီယက်က ဒုံးကျည်တွေ ပို့ဆောင်ချိန် အမေရိကန် ရေတပ်က ဟန့်တားခဲ့တဲ့နောက် နှစ်နိုင်ငံကြား စစ်ဖြစ်ဖို့ လက်တစ်ကမ်းလောက် အလိုထိ နီးစပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်ခဲ့လို့သာ တတိယ ကမ္ဘာစစ် အစပြုနိုင်လောက်တဲ့ ပြဿနာကြီး အဆုံးသတ်ခဲ့တာပါ။

လက်ရှိ အခြေအနေတွေဟာ စစ်အေးခေတ်ကာလ၊ ၁၉၈၃ ခုနှစ်တုန်းက ဥရောပမှာ အမေရိကန်ရဲ့ တာလတ်ပစ် Pershing ဒုံးကျည်တွေ ဥရောပမှာ ဖြန့်ကျက်ခဲ့တုန်းက သဘောတရားနဲ့လည်း ဆင်တူနေတယ်လို့ ပူတင်က ဆိုပါတယ်။ သူက အမေရိကန်ဟာ အလားတူ ဒုံးကျည်ဖြန့်ကျက်မှုတွေကို တခြားဥရောပ နိုင်ငံတွေနဲ့ အာရှဖက်မှာပါ လုပ်ဆောင်လာနိုင်တဲ့အတွက် ရုရှားရဲ့ လေကြောင်းကာကွယ်ရေး သတိပေး စနစ်တွေကို ပိုမို အဆင့်မြှင့်တင်ဖို့လည်း စီစဉ်နေတယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: VoA

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။