Connect with us

Hi, what are you looking for?

သတင်း

ဟားခါးအနီး စစ်ကောင်စီတပ်စခန်း ချင်းပူးပေါင်းတပ်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ယနေ့(ဩဂုတ် ၁၂) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီး၊ငယ် မျိုးစုံ ၁၁လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ယနေ့(ဩဂုတ် ၁၂) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီး၊ငယ် မျိုးစုံ ၁၁လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

“အဲဒီလက်နက်တွေက ဒီမနက် ဟားခါးနဲ့သုံးမိုင်အကွာမှာရှိတဲ့ ဟာခါးနဲ့ သီးမစ်ချောင်းကြားမှာရှိတဲ့ ကေးဘန်းဇွမ်စခန်းက သိမ်းဆည်းရရှိခဲ့တဲ့ဟာတွေဖြစ်တယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သတင်းရင်းမြစ်ပြသသည့် ဓာတ်ပုံတွင် လက်နက်ကြီး တစ်လက်နှင့် စက်သေနတ် တစ်လက်နှင့် လက်နက်ငယ် ၉လက်၊ ၄၀ မမ ဗုံးသီးနှင့် အခြား ခဲယမ်းကျည်များစွာကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားသည်ကို တွေ့ရသည်။

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်များ ပူးပေါင်းပါဝင်သည့်ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ဩဂုတ် ၁၂ရက် နံနက် ၉နာရီခန့်တွင် ကေးဘန်းဇွမ်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ပေးပို့

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေနှင့် စစ်သုံ့ပမ်းများ ဖမ်းဆီးရရှိမှု ရှိမရှိ အခြေအနေကို မေးမြန်းရန် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ ဆက်သွယ် နေဆဲဖြစ်သည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ယနေ့တွင် ထန်တလန် မြို့တွင်းလည်း တိုက်ပွဲပြင်းထန်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ဇူလိုင် ၂၂ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ်လဆန်းကဆင်နွှဲခဲ့ရာ ထန်တလန်၌ နောက်ဆုံးကျန်နေသည့်ခလရ(၂၆၉)တပ်ကုန်းကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

အဆိုပါ တပ်ကုန်းမှ စစ်ကောင်စီတပ်များ မြို့တွင်း ထွက်ပြေးသွား၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ဇူလိုင် ၂၂ရက်မှစတင်ခဲ့သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်၏ စစ်ဆင်ရေးအတွင် စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။