Connect with us

Hi, what are you looking for?

သတင်း

မိုးတွင်းရိက္ခာ နှင့် အိမ်ပြန်လမ်းတွေနီးစပ်ဖို့ ကူညီထောက်ပံ့ကြရန် တော်လှန်ရေးတပ်ဖွဲ့များ ဖိတ်ခေါ်

တော်လှန်ရေးရဲဘော်များ၏ ရိက္ခာလိုအပ် ချက်အတွက် ‘မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ Project မှာ သတ်မှတ်ကာလပြည့်ပြီဖြစ်သော်လည်း လိုအပ်သည့်ပမာဏ မရရှိသေးသောကြောင့် ပြည်သူများ တတ်နိုင်သ လောက် ပါဝင်ထောက်ပံ့ကူညီပေးကြရန် ချင်းတော်လှန်ရေးတပ်(CDF-Asho)က ဖိတ်ခေါ်ထားသည်။

တော်လှန်ရေးရဲဘော်များ၏ ရိက္ခာလိုအပ် ချက်အတွက် ‘မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ Project မှာ သတ်မှတ်ကာလပြည့်ပြီဖြစ်သော်လည်း လိုအပ်သည့်ပမာဏ မရရှိသေးသောကြောင့် ပြည်သူများ တတ်နိုင်သ လောက် ပါဝင်ထောက်ပံ့ကူညီပေးကြရန် ချင်းတော်လှန်ရေးတပ်(CDF-Asho)က ဖိတ်ခေါ်ထားသည်။

“မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀” Project ကို ဇွန်လ ၂၅ ရက်မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သော်လည်း လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကျော်သာရရှိခဲ့ရာ ရိက္ခာအတွက် ဆန်အိတ်များထပ်မံလိုအပ်လျှက်ရှိကြောင်း CDF-Asho က အသိပေးသည်။

“ရိက္ခာဝယ်ယူရတဲ့အပိုင်းမှာ ဝယ်ဖို့ခက်တာတွေရော၊ စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ဝယ်ဖို့ခက်တာတွေ၊ သယ်ယူစရိတ်နဲ့ ကျနော်တို့ဆီရောက်တဲ့အထိ စျေးကြီးသွားတာတွေ ရှိပါတယ်။ အခုလက်ရှိ မိုးကာလလည်းဖြစ်တော့ ရဲဘော်တွေအတွက် ရိက္ခာအခက်အခဲရှိနေတာပါ”ဟု CDF-Asho Team ၏တာဝန်ခံ ဆလိုင်းဒါဝိဒ်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ချင်းတော်လှန်ရေးတပ် (CDF-Asho)တပ်ဖွဲ့သည် မကွေးတိုင်း၊ မင်းဘူးခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများအပြင် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် အာရက္ခတပ်တော်(AA)နှင့်အတူ စစ်ဆင်ရေးများ လက်တွဲလုပ်ဆောင်နေသည့် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် “မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ project ၌ ပါဝင်ထောက်ပံ့ကူညီလိုပါက CDF-Asho Facebook Page နှင့် (1) @LEOasho၊ (2)@maihnuehtarr နှင့် (3) @MaiJujue စသည့် တယ်လီဂရမ်အကောင့်များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယခုလတ်တလောတွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အခြေစိုက် PDF တပ်ရင်း ၃၅၀၁၊ ပုဝါနီစစ်ကြောင်းမှလည်း ရဲဘော်များ ၏ ပျက်စီးသွားသော ပုခက်၊ ပွိုင့်ဖိနပ်နှင့် ၇၉ ကျည်များဝယ်ယူနိုင်ရန် ကျပ်သိန်း ၂၄၀ ကံစမ်းမဲအစီအစဥ်ပြုလုပ်လျှက်ရှိကြောင်း အသိပေးသည်။

”အိမ်ပြန်လမ်းတွေ နီးစပ်ဖို့ ဝိုင်း၀န်းကူညီ ထောက်ပံ့စို့”ဟု ခေါင်းစဥ်ပေးထားသည့် အထက်ပါကံစမ်းမဲအစီအစဥ်၌ ပြည်သူတစ်ဦး၏ လက်စွပ်၊ ရဲဘော်တစ်ဦး၏ နားကပ်နှင့် စစ်ကြောင်းမှ ထပ်မံဖြည့်စွက်ထားသော ဖုန်းတစ်လုံးတို့ကို မဲဖောက်ပေးသွားမည်ဟု ဖော်ပြသည်။

ကံစမ်းမဲကာလကို သြဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလ ၂၁ ရက်အထိ တစ်လတိတိသတ်မှတ်ထားရာ မဲတစ်စောင်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် မဲအစောင် ၈၀၀ ရောင်းချသွားမည်ဖြစ်သည်။

လက်ရှိတွင် မဲအစောင်ရေ ၅၀၀ ကျော်သာ ရောင်းချရသေးပြီး ကျန်ရှိနေသောမဲများကို ဆက်လက်ဝယ်ယူအားပေးကြရန် ပုဝါနီစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...