Connect with us

Hi, what are you looking for?

Infographics

ရေကြီး​နေချိန် သတိပြုရန် အကြံပြုချက်

◉ မြစ်အနီး၊ ကမ်းနားတလျှောက်နှင့် မြေနိမ့်ပိုင်းဒေသတွင်နေထိုင်ပါက ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ကြိုတင်စီစဉ်ပါ။

◉ အရေးကြီးသော စာရွက်စာတမ်းများ၊ အစားအစာနှင့်အဝတ်အစားတို့ကို ရေစိုခံအိတ်နှင့် ထုပ်ပိုး၍ယူဆောင်ပါ။

လျှပ်စစ်မိန်းခလုတ်များကို ပိတ်ပါ။

◉ ရေကိုကြိုချက်​​သောက်ပါ။ (သို့မဟုတ်)​ရေသန့်​ဆေးခတ်၍​သောက်ပါ။

Public Service Announcement

Public Service Announcement

အစားအစာများကို ကျက်အောင်ချက်ပြုတ်ပါ။အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။

◉ ရေနှင့်အတူပါလာနိုင်သော မြွေအပါအဝင် အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

◉ မတော်တဆထိခိုက်မှုများနှင့် ရေကြောင့် ဖြစ်ပွားနိုင်သည့်ကူးစက်တတ်သော ရောဂါများကို သတိပြုပါ။

◉ ရေခြောက်အောင်သုတ်ပြီး အမိုးအကာအောက်တွင်နွေးနွေးထွေးထွေးနေပါ။

◉ ရေထဲတွင် မမြင်နိုင်သည့် အန္တရာယ်များရှိနေနိုင်သဖြင့်မလိုအပ်ဘဲ ရေထဲသို့ မဆင်းပါနှင့်။

◉ မိသားစုများ၊ မိတ်ဆွေများနှင့် ပုံမှန်ဆက်သွယ်ပြီးအခြေအနေကို အကြောင်းကြားပါ။အရေးပေါ်အခြေအနေတွင် စိတ်ကိုတည်ငြိမ်စွာထားပြီးဘေးကင်းဖို့ရာ ဦးစားပေးဆောင်ရွက်ပါ။

◉ ၂ ​ပေခန့် ​ရေစီးအားဟာ ကားငယ်​တွေကို ​မျောပါ​စေနိုင်တာမို့​ရေကြီး​နေချိန်မှာ ကားအသုံးမပြုသင့်ပါ။

◉ ရေတက်​နေချိန် က​လေးငယ်နဲ့အိမ်​မွေးတိရစ္ဆာန်​တွေကိုအ​လေးထား​စောင့်​ရှောက်ပါ။​က​လေး​ငယ်​တွေ ရေထဲမဆော့ကစားရပါ။

◉ ပြည်သူအချင်းချင်းရိုင်းပင်းကူညီပါ။

ကိုးကား — ICRC ၊ NUG

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်