Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အောက်တိုဘာ လဆန်းမှာ ဂျပန် ဝန်ကြီးချုပ်သစ် ရွေးချယ် တင်မြှောက်ဖို့ အတည်ပြု ဆုံးဖြတ်

ဝန်ကြီးချုပ်သစ် တစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့ကျရင် တရားဝင် ရွေးချယ် တင်မြှောက်မယ်လို့ ဂျပန် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက် ပါတီ (LDP)အပေါ် လူထုထောက်ခံမှု လျော့ကျလာနေတဲ့အပေါ် ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက တာဝန်ယူပြီး နောက်တစ်ကြိမ် ပါတီခေါင်းဆောင် နေရာအတွက် ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဘူးလို့ ကြေညာထားပါတယ်။

အာဏာရ ပါတီခေါင်းဆောင် နေရာကို စွန့်ခွာခြင်းဟာ ဝန်ကြီးချုပ် နေရာကနေ ဆင်းပေးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ LDPဟာ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်မှုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ မဲပေး ပြုလုပ်သွားမှာဖြစ်ပြီး အနိုင်ရသူကို ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ကျရင် လွှတ်တော်မှာ အတည်ပြုဖို့ စီစဉ်ထားပါတယ်။

ကီရှီဒါရဲ့ နေရာကို ဆက်ခံဖို့ ရေပန်းအစားဆုံး ပုဂ္ဂိုလ်တွေအဖြစ် ကွန်ဆာဗေးတစ် တစ်ဦးလို့ လူသိများတဲ့ စီးပွားရေးဖူလုံမှု ဝန်ကြီး ဆန်နေ တာကိုင်ချီ၊ LDP အတွင်းရေးမှူးချုပ်ဟောင်း ရှီဂီရူ အီရှီဘာနဲ့ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကွိုင်ဇူမီရဲ့ သားဖြစ်သူ ရှင်ဂျီရို ကွိုင်ဇူမီတို့က အဓိက ဦးဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

LDPဟာ ဂျပန်မှာ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင်ခဲ့ပြီး လွှတ်တော်အမတ် နေရာ အများစုကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် လွှတ်တော်မှာ ဝန်ကြီးချုပ်နေရာအတွက် မဲပေးမယ့် ကိစ္စဟာ ပြဿနာ မဟုတ်ပါဘူး။ ယှဉ်ပြိုင်မယ့် သူတွေအတွက် အဓိက အရေးကြီးတာက ပါတီတွင်း ခေါင်းဆောင်နေရာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ ဝန်ကြီးချုပ်သစ်ကို မဲပေး ရွေးချယ်ဖို့ LDPရဲ့ အဆိုပြုချက်ကို လွှတ်တော်ထဲမှာရှိတဲ့ အတိုက်အခံ အင်အားစုတွေကလည်း လက်ခံထားပြီး ဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ် ကီရှီဒါဟာ ဝန်ကြီးချုပ်အဖြစ် ၃ နှစ် တာဝန်ယူခဲ့တဲ့နောက် သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေကြားက အရှုပ်အထွေး တချို့အပြင် ပြည်တွင်း ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် မဲဆန္ဒရှင်တွေရဲ့ ငြိုငြင်မှုကို ခံနေရပါတယ်။ ဒီအခြေအနေကို ကီရှီဒါက အရှိအတိုင်း လက်ခံပြီး ပါတီခေါင်းဆောင် နေရာအတွက် နောက်တစ်ကြိမ် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ကြေညာချိန်မှာ ကီရှီဒါက LDPဟာ လုံးဝ သစ်လွင် ပြောင်းလဲသွားတဲ့ ခေါင်းဆောင်မှု အစီအမံမျိုးကို လိုအပ်နေပြီ ဖြစ်တဲ့အတွက် ပါတီဝင်တွေ အနေနဲ့ အသေအချာ ဆုံးဖြတ်ပြီး မဲပေး ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တကယ်လို့ ပါတီတွင်း မဲပေးမှုတွေမှာ ကွိုင်ဇူမီသာ အနိုင်ရခဲ့မယ်ဆိုရင် ဂျပန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မှာ ဖြစ်သလို တာကိုင်ချီ အနိုင်ရခဲ့ရင်တော့ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။