Connect with us

Hi, what are you looking for?

သတင်း

ရန်-မန်း စစ်ဆင်ရေးအဖြစ် မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုန်းများဖြင့်ပစ်ခတ်ခဲ့ဟု ပြောက်ကျားအဖွဲ့ပြော

တစ်လအတွင်း ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်

သတိုး/People’s Spring

ရန်ကုန်နှင့် မန္တလေးမြို့ရှိ မဟာမိတ်အဖွဲ့များပူးပေါင်းလုပ်ဆောင်မည့် ရန်-မန်း စစ်ဆင်ရေးအနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။

“ဒီစစ်ဆင်ရေးကို ရန်-မန်းစစ်ဆင်ရေးလို့ နာမည်ပေးဖြစ်ပုံကတော့ ကျနော်တို့အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ မဟာပိတ်များအားလုံးနှင့်အတူ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားဖို့ဘဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ရုံးအဆောက်အအုံများနှင့် မန္တလေးနန်းတွင်း အနီးဝန်းကျင်ကို Google Earthတွင် တွေ့ရမှု

စက်တင်ဘာ ၁၇ရက် ည ၆နာရီခန့် တွင် ၁၀၇ မမရှော့တိုက်ဒုန်းနှစ်လုံးနှင့် ည ၁၀နာရီခွဲခန့်တွင် ‌ရှော့တိုက်ဒုန်း သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုကြောင့် ရန်သူ့စခန်းအတွင်း ထိခိုက်ပေါက်ကွဲမှုများရှိခဲ့ပြီး လူနာတင်ကားအဝင်အထွက်များရှိခဲ့ကြောင်းကို မြေပြင်သတင်းများမှ ပြန်လည်သိရှိရပါသည်” ဟု ယင်းအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် တိုက်ခိုက်မှုအပြီး စစ်ကောင်စီက ပစ်ခတ်မှူများပြုလုပ်ခဲ့ပြီး ရပ်ကွက်များအတွင်းလည်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရန်-မန်းစစ်ဆင်ရေးကို ရန်ကုန် နှင့် မန္တလေးမြို့ရှိ Operation Flame အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် စက်တင်ဘာ ၅ ရက်ညက မြောက်ဥက္ကလာပရဲစခန်းကို အဝေးထိန်းမိုင်း‌ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ ၃ ရက်ကလည်း Brave Warriors for Myanmar (BWM) နှင့် Shadow Mandalay အဖွဲ့တို့က ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ​၏ ဒုခေါင်းဆောင်စိုးဝင်း၏ ကိုယ်ရေးအရာရှိဗိုလ်မှူးကြီးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။