သတင်း လေကြောင်းတိုက်ခိုက်မှုများရှိသော်လည်း ကော့ကရိတ်မြို့နယ်တွင် စာမေးပွဲဖြေဆိုပြီးစီးဟု KNU ထုတ်ပြန် ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။ ludunwayooမတ် 24, 2025
သတင်း တောင်သာနယ် ကျေးရွာနှစ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ရဲဘော်တစ်ဦးကျဆုံး မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooမတ် 24, 2025
သတင်း မြို့သာစက်မှုဇုန် အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊မြို့သာစက်မှုဇုန်ထဲက အင်းဝဘဏ်မှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဆက်ကြေးတောင်း၊ပေါ်တာဆွဲနေတဲ့စစ်သားတွေကို ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူကပြောပါတယ်။ ludunwayooမတ် 24, 2025
သတင်း နမခအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWMပြော စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ယနေ့(မတ်လ ၂၄ ရက်) အသိပေးသည်။ ludunwayooမတ် 24, 2025
သတင်း ပြည်တက္ကသိုလ်အနီး ပစ်ခတ်မှု စစ်တပ်အရာရှိ သေဆုံးဟုဆို ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး ludunwayooမတ် 24, 2025
သတင်း CDM ဆရာဝန် မိသားစုနှင့်ပြည်သူများ သေဆုံးခဲ့ရသည့် နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှု NUG ကျန်းမာရေးဝန်ကြီးဌာန ရှုတ်ချ တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင် ludunwayooမတ် 24, 2025
သတင်း မင်းအောင်လှိုင် BIMSTEC ထိပ်သီးအစည်းအဝေး တက်မယ်လို့ ထိုင်းမီဒီယာဖော်ပြ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC)ရဲ့ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမှာ တက်ရောက်သွားမယ်လို့ သိရပါတယ်။ ludunwayooမတ် 24, 2025
သတင်း ကွတ်ခိုင်မြို့ လေပြင်းတိုက်ခတ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(မတ်လ၂၃ရက်) ညနေက လေပြင်းတိုက်ခတ်ခဲ့ပြီးသစ်ပင်များပြိုလဲကာ နေအိမ်နှင့် ကားအချို့ ပျက်စီးမှုဖြစ်ခဲ့သည်။ ludunwayooမတ် 24, 2025
သတင်း မန္တလေးမြို့မှာ အပူတပြင်းစစ်မှုထမ်းခေါ်လာတာဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေထားတဲ့လူငယ်တွေကိုအဓိကပစ်မှတ်ထားတာလို့ မြို့ခံတွေပြော စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်စာမေးပွဲတွေအပြီးနောက်နေ့မှာပဲ မန္တလေးမြို့ပေါ်မှာ စစ်တပ်က လူငယ်တွေကိုစစ်မှုထမ်းခေါ်ယူမှု တွေ အပူတပြင်းလုပ်လာတာဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတွေကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားလုပ်လာတာလို့ မြို့ခံတွေကပြောပါတယ်။ ludunwayooမတ် 24, 2025
သတင်း စစ်ကောင်စီကို ILOက ပုဒ်မ (၃၃)အရ အရေးယူဖို့ စစ်ကိုင်းတိုင်းမှာ တောင်းဆိုဆန္ဒပြ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooမတ် 24, 2025