Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့ လေပြင်းတိုက်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(မတ်လ၂၃ရက်) ညနေက လေပြင်းတိုက်ခတ်ခဲ့ပြီးသစ်ပင်များပြိုလဲကာ နေအိမ်နှင့် ကားအချို့ ပျက်စီးမှုဖြစ်ခဲ့သည်။

ကွတ်ခိုင်မြို့တွင် မတ်လ ၂၃ရက်ည‌နေက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

မတ်-၂၃၊၂၀၂၅။ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(မတ်လ၂၃ရက်) ညနေက လေပြင်းတိုက်ခတ်ခဲ့ပြီးသစ်ပင်များပြိုလဲကာ နေအိမ်နှင့် ကားအချို့ ပျက်စီးမှုဖြစ်ခဲ့သည်။

“ညနေ ၃နာရီခန့်မှာ တမြိုလုံး လေတိုက်တာ။ ပျက်စီးတာက ထင်ရှုးတောဘက်။ သစ်ပင်တွေလဲတာ။ အိမ်တွေလည်း ပျက်တာရှိတယ်။ ကားပိမိတာတွေရော”ဟု ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးရှိ ထင်းရှုးတောမှ ထင်းရှူးပင်များ ပြိုလဲခဲ့ခြင်းဖြစ်သည်။ လေပြင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် ယမန်နေ့ညနေကစ၍ မိုးအနည်းငယ် ရွာသွန်းခဲ့ပြီး တန့်ယန့်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ပြိုလဲမှု၇ှိခဲ့သည်။

မတ်လမှစတင်၍ မေလအထိ မြန်မာနိုင်ငံဒေသအများစု၌ လေပြင်းအန္တရာယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိ‌‌ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီကနေ့ (ဧပြီ ၃၀ )နေ့လည်က မိုးသက်လေပြင်း တိုက်ခတ်မှုတွေဖြစ်ပြီး မြို့နယ်တစ်ချို့မှာ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

သတင်း

ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စာသင်ကျောင်းရှေ့၌ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ စုဝေးရောက်ရှိနေပြီး ကျောင်းတံခါးပိတ်ထား၍ ဝင်ခွင့်မရဘဲ စောင်ဆိုင်းနေမှုကိုလည်း တွေ့ရသည်။