Connect with us

Hi, what are you looking for?

News

မန္တလေး PDF ခေါင်းဆောင်ဗိုလ်ထွန်း​တောက်နိုင် ဖမ်းဆီးခံရခြင်းမရှိဟု ထုတ်ပြန်

“အရေးတော်ပုံမှာ ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သစ္စာတရားအပေါ်မှာ ဘယ်တော့မှ ဖောက်ပြန်သွားမှာ မဟုတ်ပါဘူး။ ပြည်သူနဲ့အတူ ဒီအရေးတော်ပုံကို အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF) ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရခြင်းမရှိ ကြောင်း MDY-PDFက ယနေ့နံနက်တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင်ဟာ ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။ လတ်တလော ကျွန်တော်တို့ အဖွဲ့အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ အခက်အခဲ တချို့ကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် Page ကို ခေတ္တခဏ unpublish လုပ်ထားခြင်းဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်သည်။

ဇွန်လ ၂၂ရက်တွင် မန္တလေးမြို့ရှိ နေအိမ်တစ်ခု၌ ရှိနေသည့် PDF တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် သေဆုံးသူအချို့ရှိသကဲ့သို့ PDF တပ်ဖွဲ့မှလည်း သေဆုံးသူအချို့နှင့် ဖမ်းဆီးခံခဲ့ရသူများရှိသည်။
ဇွန်လ ၂၃ရက် ညပိုင်းတွင်မူ ဗိုလ်ထွန်းတောက်နိုင် အပါအဝင် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ရာ ယနေ့နံနက်ပိုင်းတွင် MDY-PDFက ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရခြင်းမရှိဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေး PDF တပ်ဖွဲ့များ ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်များနှင့်ပတ်သက်၍ မကြာခင်အချိန်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း MDY-PDFက ထုတ်ပြန်သည်။MDY –PDF နှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်နေသည်ကို ပြည်သူများ စိုးရိမ်ပူပန်ပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ MDY-PDFနှင့် ပတ်သက်သော သတင်းများကို ယခု Page မှ ထုတ်ပြန်မှသာ အတည်ပြု လက်ခံပေးကြရန် အသိပေးလိုကြောင်း MDY-PDFက ထုတ်ပြန်သည်။

“အရေးတော်ပုံမှာ ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သစ္စာတရားအပေါ်မှာ ဘယ်တော့မှ ဖောက်ပြန်သွားမှာ မဟုတ်ပါဘူး။ ပြည်သူနဲ့အတူ ဒီအရေးတော်ပုံကို အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook