Connect with us

Hi, what are you looking for?

News

ပုခက်လွှဲသည့်လက်တွေဖြင့် စစ်အာဏာရှင်ကိုအမြစ်ဖြတ်မည့် မုံရွာက အမျိုးသမီးသပိတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်များကိုအသုံး ပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာ ၁၆၂ ရက်ရှိပြီ ဖြစ်သည်။

ဓါတ်ပုံ - Khaung Hsu Thar

ပုခက်လွှဲသည့်လက်များဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်မည့် မုံရွာပင်မအမျိုးသမီးစစ်ကြောင်းသည် အာဇာနည်လမ်းမကြီးပေါ်သို့ ချီတက်ကာ အကြမ်းဖက်စစ်ကောင်စီကို အလိုမရှိကြောင်း ယ​နေ့နံနက်တွင် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သည့်မုံရွာမြို့မှ အမျိုးသမီးများသည် မီးတုတ်များကိုင်၍ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်များကိုအသုံး ပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာ ၁၆၂ ရက်ရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook