Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတွင် စစ်အာဏာရှင်ဖြုတ်ချရေး ဗကသ​ကျောင်းသားများသပိတ်စစ်​ကြောင်း ချီတက်ဆန္ဒပြ

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၈ ရက်ရှိပြီဖြစ်သည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ‘လူမျိုးကြီးဝါဒ ဖယ်ရှားကြ အာဇာနည်ဟာကိုးဦးမက’ ​ခေါင်းစဥ်ဖြင့် ကျောက်ဆည်ခရိုင်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)တို့ ပူး​ပေါင်းပြီး ယ​နေ့နံနက်တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၈ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း၁၆၅ ရက်ရှိပြီဖြစ်သည်။