Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​​နေပြည်​တော်ကျောက်စိမ်းခန်းမမှာ ကုတင်​တွေတန်းစီချပြီး ကိုဗစ်လူနာများကုသ​ပေးမယ်လို့ဆို

“ ခန်းမကျယ်တာနဲ့ပဲ ကုတင်တွေပစ်ထည့်လိုက်ရုံနဲ့ ကုသရေးစင်တာဖြစ်သွားရောလား စည်ပင်ရိပ်သာက P+ တွေကိုပဲ ပါရာစီတမော အရင်သွားပို့ပေးကြပါအုန်းဟဲ့” လို့ပြည်သူတစ်ဦးကလည်း မှတ်ချက်​ပေးပါတယ်။

​နေပြည်​တော် မဏိရတနာကျောက်စိမ်းခန်းမမှာ COVID-19 လူနာ ၁၅၀၀ ကိုလက်ခံကုသ​ပေးမယ်လို့ အာဏာသိမ်းစစ်​ကောင်စီက လူနာကုတင်​တွေတန်းစီချထားပြီးသတင်းထုတ်ပြန်ပါတယ်။ အဲဒီလူနာ​တွေကို စစ်​ကောင်စီတပ်ရဲ့အထူးကုသမား တော်ကြီး​တွေကဦးဆောင်ပြီး ၁၂ ဦးပါတဲ့ အဖွဲ့ ၂ ဖွဲ့က ကုသ​ပေးမယ်လို့လည်း ဆိုပါတယ်။

ကိုဗစ် ပထမလှိုင်း ၊ဒုတိယလှိုင်းက ကုသ​ရေးစင်တာ​တွေလို့ တစ်ခန်းနဲ့တစ်ခန်း ခြားပြီးစနစ်တကျပြင်ဆင်ထားတာမဟုတ်ဘဲ ခန်းမထဲမှာ ကုတင်​တွေ တန်းစီထားတာကိုလည်း​တွေ့ရပါတယ်။

“ အခန်းကျယ်ထဲမှာ ကုတင်တွေတန်းစီချထားလိုက်ရင် Q center ဖြစ်သွားရောလား။ ခေါင်းကြီးတို့ကလဲ တကယ်ပဲ။ ကိုယ်တုံးတာ ချမပြရင် ကိုယ်ပဲသိတယ်။ Public တင်တော့ ခေါင်းကြီးတာ လူသိရှင်ကြားဖြစ်တာပေါ့။ နောက်ဆို လျှောက်လျှောက်မကြွားနဲ့ဟုတ်ပလား။ ကိုယ်အသုံးမကျတာ လူသိတယ်။ ကောင်းကောင်း ကန်းကန်းလဲမလုပ်နိုင်ပဲ လျှောက်လျှောက်မပြောရဘူး ဟုတ်ပလား။ ဟာသတွေ တကယ်ပဲ” လို့ စစ်​ကောင်စီရဲ့သတင်းထုတ်ပြန်မှုကို ပြည်သူတစ်​ယောက်ကလည်းမှတ်ချက်​ပေးပါတယ်။ ​

နေပြည်​တော်မှာ ကိုဗစ် ၁၉ ကူးစက်ခံရမှုနဲ့​သေဆုံးမှုက ဇူလိုင် ၁၇ ရက်အထိ့ ​နေပြည်​တော် ​ကောင်စီ ၆ မြို့နယ်မှာ ၄၀၀​ကျော် ကူးစက်ပြီး ၆ ဦး​သေတယ်လို့ စစ်​ကောင် စီကထုတ်ပြန်​ပေမယ့် အမှန်တစ်ကယ်​ကူးစက်ခံရပြီးသေဆုံးသူက အဆများစွာပိုနိုင်တယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်​တော်မှာစစ်​ကောင်စီရဲ့ ယန္တရား​တွေမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ Non-CDM ဝန်ထမ်း​တွေထဲ ပိုးကူးစက်မှုများပြား​နေပြီး တချို့ဌာန​တွေ ဌာနလုံးကျွတ် ကိုးဗစ်ကူးခံ​နေရတယ်လို့ ဝန်ထမ်းအချို့က​ပြောပါတယ်။ နေပြည်​တော် စည်ပင်သာယာ ကဝန်ထမ်း​တွေဆိုရင် ပိုးကူးစက်ခံရသူအလွန်များ​နေပြီး ​နေပြည်​တော်စည်ပင်ရိပ်သာမှာ ဒီတိုင်းထား ထားတယ်လို့ သိရပါတယ်။

“ ခန်းမကျယ်တာနဲ့ပဲ ကုတင်တွေပစ်ထည့်လိုက်ရုံနဲ့ ကုသရေးစင်တာဖြစ်သွားရောလား စည်ပင်ရိပ်သာက P+ တွေကိုပဲ ပါရာစီတမော အရင်သွားပို့ပေးကြပါအုန်းဟဲ့” လို့ပြည်သူတစ်ဦးကလည်း မှတ်ချက်​ပေးပါတယ်။

ကိုဗစ် ၁၉ ​ရောဂါ​ကြောင့် ​သေဆုံးသူ​နေစဥ်ရာနဲ့ချီ ရှိ​နေတဲ့ မြန်မာနိုင်ငံရဲ့လူဦး​ရေအများဆုံး ရန်ကုန်မြို့မှာ​တော့ ​ဆေးရုံ​တွေမှာ လူနာ​တွေလက်မခံ​တော့ဘဲ အိမ်ပြန်ခိုင်း​နေချိန်မှာ စစ်​ကောင်စီက ​နေပြည်​တော်မှာ ကိုဗစ်လူနာ​တွေကုသ​ပေးဖို့ ကိုဗစ်စင်တာတည်​​ဆောက်ထားတယ် ဆိုပြီး​တော့ သတင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

Facebook