အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် မန္တလေးမြို့ရှိ သပိတ်စစ်ကြောင်းများစုပေါင်း၍ ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
‘အာဇာနည်မျိုး သေရိုးမရှိ’ ခေါင်းစဥ်ဖြင့် သပိတ်စစ်ကြောင်းများက စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ယနေ့ကျရောက်သော (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံအနှံ့မြို့နယ်အသီးသီးရှိ သပိတ်စစ် ကြောင်းများနှင့် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၉ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၆၆ ရက်ရှိပြီဖြစ်သည်။
