Connect with us

Hi, what are you looking for?

News

အကျဉ်းထောင်များအတွင်း ဖိနှိပ်မှုများအပေါ် သက်ဆိုင်သူများ တာဝန်ယူရမည်ဟု NUG ပြည်ထဲရေးဝန်ကြီးဌာန​ထုတ်ပြန်

အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိတ်လန့်တုန်လှုပ် ဖွယ်ရာ သတင်းများကိုလည်း ကြား သိနေရကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပါရှိသည်။

အကျဉ်းကျနေသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်စဉ်များနှင့်စပ် လျဉ်း ၍ ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုများကို ပြန် လည် ကုစားပေးနိုင်ရေးနှင့် ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၃ ရက်က အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် အကျဉ်း သား/သူများ၊ အချုပ်သား/သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ မှုအပေါ် အကြမ်းဖက်စစ်ကောင်စီက စစ်တပ်အင်အားသုံး၍ ဝင်ရောက် နှိမ်နင်းခဲ့သည့် သတင်းများနှင့်ပတ် သက်၍ NUG ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ကြောချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်များအတွင်း၌ပါ ကိုဗစ် ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများ မြင့်တက်လျက်ရှိနေသည့်အပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိရောက် သည့် ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်မှု မရှိခြင်း၊ အကျဉ်းထောင်တွင်း အမျိုးမျိုးသောဖိနှိပ်ချုပ် ချယ်မှုများ ဆောင်ရွက်နေခြင်းတို့‌ကြောင့်အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားသူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိတ်လန့်တုန်လှုပ် ဖွယ်ရာ သတင်းများကိုလည်း ကြား သိနေရကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အကျဉ်းသား/သူများ၊ အချုပ်သား/သူများကိုလုံ လောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု စီမံဆောင် ရွက်ပေးမှု မရှိခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ အင်အားသုံး နှိမ်နင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းဖြစ်စဉ်အပေါ် သတင်းမီဒီယာ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လေ့လာခွင့်မပြုဘဲ သတင်းထိမ်ချန် ကွယ်ဝှက်ထားခြင်း များသည် အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့်အပြင် ရာဇဝတ်မှုမြောက် သည့် လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ရပ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းထောင်တာဝန်ရှိသူများတွင် အပြည့်အဝ တာဝန်ရှိပြီး၊ အပြည့်အဝ တာဝန်ယူရမည်ဟု ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သက်သေအထောက်အထားများ ရရှိပါက အမျိုး သားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၏ https://mohai.nugmyanmar.org (ဆက်သွယ်ရန် ကဏ္ဍ) သို့ ဆက်သွယ်ပေးပို့ကြရန်လည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် တရားမဝင်ရယူထားသည့် ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာ အဓိက အလေးထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများအပေါ် ထိရောက်သည့် ကျန်းမာ ရေး စောင့်ရှောက် မှုများ မဆောင်ရွက်ပေးနိုင်‌ပေ။

ထို့အပြင် ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်မှု များကိုပါ နည်းမျိုးစုံသုံး၍ ပိတ်ပင်တားဆီးမှုများ ဆောင် ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook