မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအောင် မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ် ကြောင်းမှာ ယနေ့နံနက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
“ငါတို့နိုင်မှာ လွတ်မယ့်သူနဲ့ ငါတို့နိုင်မှ ကျွတ်မယ့် သူတွေအတွက် ဘာကြောင့် သွေးအေးနေမှာလဲ”စသည့် ကြွေးကြော်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၇၅ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၂ ရက်ရှိပြီဖြစ်သည်။