Connect with us

Hi, what are you looking for?

LuduNwayOo

News

သုဝဏ္ဏမှာလုပ်တဲ့ တကသ​ကျောင်းသားများရဲ့ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်

တကသကျောင်းသားသမဂ္ဂမှဦးဆောင်သော အာဏာသိမ်းစစ်​ကောင်စီဆန့်ကျင်​ရေး သပိတ်စစ် ကြောင်းသည် ယနေ့နံနက်တွင် ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏတွင် ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေး ကြော်မှုတွေအပြင် ယမန်​နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရသည့် မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းမှ အာဇာနည်များကိုလည်း အောက်မေ့ဂုဏ်ပြုခဲ့ကာ မြတောင်ကိုဖိရင် ရန်ကုန်လည်း ကြွမည်ဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။