Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နှင့် တပ်မဟာ(၁) နယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန် ဖာပွန်မြို့မှ ခေါပုပ်စခန်းထိ လမ်းကင်းများချထားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကလည်း ဒေသခံရွာသားများ၏ တောင်ယာလုပ်ငန်းခွင်များဆီသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၁) နယ်မြေ သထုံခရိုင် တို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ယင်းတပ်မဟာများက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ် တကောင်းဘိုးကျေးရွာ အုပ်စု မီးပုံးကျေးရွာအနီးတွင် ဇူလိုင် ၂၇ရက်က KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့ ၁၅မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ကြောင်း တပ်မဟာ(၁)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က မီးပုံးကျေးရွာအနီး စခန်းချထားစဉ် KNLA ဘက်က သွားရောက်ပစ်ခတ်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ(၅)နယ်မြေ ခေးပူဒေသ၌လည်း ယနေ့ ဇူလိုင် ၂၉ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအ နေကို မသိရသေးကြောင်းနှင့် KNU တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန် ဖာပွန်မြို့မှ ခေါပုပ်စခန်းထိ လမ်းကင်းများချထားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကလည်း ဒေသခံရွာသားများ၏ တောင်ယာလုပ်ငန်းခွင်များဆီသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။