Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နှင့် တပ်မဟာ(၁) နယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန် ဖာပွန်မြို့မှ ခေါပုပ်စခန်းထိ လမ်းကင်းများချထားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကလည်း ဒေသခံရွာသားများ၏ တောင်ယာလုပ်ငန်းခွင်များဆီသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၁) နယ်မြေ သထုံခရိုင် တို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ယင်းတပ်မဟာများက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ် တကောင်းဘိုးကျေးရွာ အုပ်စု မီးပုံးကျေးရွာအနီးတွင် ဇူလိုင် ၂၇ရက်က KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့ ၁၅မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ကြောင်း တပ်မဟာ(၁)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က မီးပုံးကျေးရွာအနီး စခန်းချထားစဉ် KNLA ဘက်က သွားရောက်ပစ်ခတ်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ(၅)နယ်မြေ ခေးပူဒေသ၌လည်း ယနေ့ ဇူလိုင် ၂၉ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအ နေကို မသိရသေးကြောင်းနှင့် KNU တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန် ဖာပွန်မြို့မှ ခေါပုပ်စခန်းထိ လမ်းကင်းများချထားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကလည်း ဒေသခံရွာသားများ၏ တောင်ယာလုပ်ငန်းခွင်များဆီသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) က ထုတ်ပြန်သည်။

သတင်း

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

သတင်း

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။