Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသားစာ​ပေတစ်သက်တာဆုရှင် ဆရာကြီးမင်းယု​ဝေကွယ်လွန်

ဆရာကြီးရဲ့ အမည်ရင်းက ဦးဝင်းမောင်ဖြစ်ပြီး ၁၉၂၈-ခုနှစ် စက်တင်ဘာလ၂၆ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့ဇာတိဖြစ်ပါတယ်။အသက် ၁၇နှစ်အရွယ်ကစပြီး စာပေရေးသားခဲ့တာ ကွယ်လွန်ချိန်အထိဖြစ်ပါတယ်။

အမျိုးသားစာပေတစ်သက်တာဆုရှင်ဆရာကြီးမင်းယုဝေ ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကွယ် လွန်သွားခဲ့ကြောင်း စာပေလောကအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဆရာကြီးမင်းယုဝေဟာ အသက်-၉၃နှစ် ရှိပြီဖြစ်ပြီး ဆရာကြီး ကွယ်လွန်ခြင်းဟာ မြန်မာစာပေလောကအတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း၊ ဆရာကြီးရဲ့ နောက်ဆုံးလက်ရာမှာ “ချယ်ရီမြေမောင်တင်ထွန်း(မြန်မာစာချစ်သော ဂေါ်ရခါး)ဖြစ်ပြီး စာအုပ်မထွက်လာမီ ကွယ်လွန်သွားခြင်းဖြစ်ကြောင်းဆရာချယ်ရီမြေမောင်တင်ထွန်းက လူမူကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။

ဆရာကြီးရဲ့ အမည်ရင်းက ဦးဝင်းမောင်ဖြစ်ပြီး ၁၉၂၈-ခုနှစ် စက်တင်ဘာလ၂၆ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့ဇာတိဖြစ်ပါတယ်။အသက် ၁၇နှစ်အရွယ်ကစပြီး စာပေရေးသားခဲ့တာ ကွယ်လွန်ချိန်အထိဖြစ်ပါတယ်။

ငွေတာရီမဂ္ဂဇင်းကိုစတင်တည်ထောင်ခဲ့သူ၊မြဝတီစာပေတိုက်တွင် အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။လက်ရှိ မြတ်မင်္ဂလာစာစောင်နဲ့ မင်္ဂလာမောင်မယ်ကျောင်းသားလူငယ်စာစောင်တွေမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၁၉၄၄ ခုနှစ် ပုသိမ်ခရိုင် အာရှလူငယ် အစည်းအရုံး ညီလာခံ (ကျုံပျော်မြို့) အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ဆောင်းပါး ပထမဆု၊ ၁၉၅၄ ခုနှစ်တွင် အီစွတ်ပုံပြင်များ စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်စာပေဆု၊၁၉၇၂-ခုနှစ်မှာ”ရေခပ်ချိန်ကဗျာများ”စာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပြီး ၂၀၁၂ခုနှစ်မှာအမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။တစ်သက်တာ ဓမ္မစာပေဆု၊သုတစွယ်စုံ တစ်သက်တာ စာပေဆုများလည်းချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

နိုင်ငံတကာ

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။