Connect with us

Hi, what are you looking for?

News

KIAက စစ်ကောင်စီတပ်စခန်းသုံးနေရာအား ထပ်မံတိုက်ခိုက်၊စစ်​ကောင်စီကလိုင်ဇာအနီး လက်နက်ကြီးဖြင့်ပစ်ခတ်

ဇူလိုင် ၂၉ရက် နေ့လည်ပိုင်းက ရှမ်းမြောက်ဒေသ မူဆယ် – ကွတ်ခိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KIAက တိုက်ခိုက်ပြီးနောက် ညပိုင်းတွင်လည်း ကချင်ပြည်နယ်ရှိ တပ်စခန်း သုံးနေရာကိုထပ်မံတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ တပ်ရင်းတစ်ခုအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာသုံးခုကို ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA)က ယမန်နေ့ညပိုင်းနှင့် ယ​နေ့နံနက်က တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၂၉ရက် နေ့လည်ပိုင်းက ရှမ်းမြောက်ဒေသ မူဆယ် – ကွတ်ခိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KIAက တိုက်ခိုက်ပြီးနောက် ညပိုင်းတွင်လည်း ကချင်ပြည်နယ်ရှိ တပ်စခန်း သုံးနေရာကိုထပ်မံတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

“၀ိုင်းမော်မှာရှိတဲ့ အမှတ် ၅၈ တပ်ရင်း စခန်းကို KIA အမှတ်(၃) တပ်ရင်းဘက်က လာပြီးမှ ပစ်ခတ်လို့ တိုက်ပွဲတွေ ဖြစ်တာရှိပါတယ်။နောက်တစ်ခုရှိတာက ညသန်းခေါင်းယံလို့ ပြောရမှာပေါ့။ ဒီမနက် တစ်နာရီခွဲအချိန်မှာ လီဒိုလမ်း ၊တနိုင်းဘက်က မရန်ကထောင်ဆိုတဲ့ စစ်ကောင်စီဘက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့ဂိတ်ရှိတယ်။ အဲဒီဂိတ်ကိုလည်း လာပစ်တဲ့ဖြစ်စဉ်ရှိပါတယ်။နောက်တစ်ခုက မိုးကောင်း စကခ ရုံးတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တစ်ဖက်တွင်လည်း KIA ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက်သို့ စစ်ကောင်စီတပ်များက ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် ၁၀ချက်ခန့်ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်များ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်ဖက်ကျဆုံးထိခိုက်မှု အခြေအနေများကို မကြားရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်ဘက်သို့ ကုန်းလမ်း၊ရေလမ်းမှ တပ်အင်အားများ ဖြည့်တင်းခဲ့ပြီးနောက် KIAက ယခု ကဲ့သို့ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူလူထုများ ဂရုစိုက်ကြရန် ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောကြားသည်။

KIAသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများ၊ ရဲကင်းစခန်းများ၊ စစ်ကောင်စီ ၏ စစ်ယာဉ်တန်းများကို မကြာခဏ တိုက်ခိုက်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့