မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် လူငယ်များစုပေါင်း၍ မန္တလေးလူငယ်များသပိတ်စသ်ကြောင်းမှာ ယနေ့ညနေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ယနေ့နံနက်ကလည်း မန္တလေးမြို့တွင် သပိတ်စစ်ကြောင်းများ စုပေါင်းထားသည့် မဟာတပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၀ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၇ ရက်ရှိပြီဖြစ်သည်။
