မန္တလေးတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများဦးဆောင်သည့် စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်စစ်ကြောင်းသည် ယနေ့(ဇူလိုင်၃၁ရက်)နံနက်ပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် သပိတ်စစ်ကြောင်းအသီးသီးက အတားအဆီးများကြားမှ နေ့စဥ်ချီတက်ဆန္ဒပြနေကြသည်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း အာဏာ သိမ်းစစ်တပ်၏ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ဇူလိုင်၂၉ရက်အထိ ၉၃၉ ဦးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေ အတွက်ဖြစ်ပြီး အဆိုပါအရေ အတွက်ထက် ပိုများနေနိုင်သည်ဟု ဆိုသည်။
ယမန်နေ့က ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူသုံးဦး၏ အချက်အလက်များကို ယမန်နေ့တွင်ကောက်ယူရရှိနိုင်ခဲ့ပြီး ယင်းနေ့ ကျဆုံးသွား ခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အေအေပီပီက ထုတ်ပြန်သည်။
အေအေပီပီ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ၁ ရက်မှ ဇူလိုင်၃၀ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၄၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ဖော်ပြ ထားသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချ မှတ်ခံထား ရကြောင်း အေအေပီပီက ဆိုသည်။

Public Service Announcement
