Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးမောက်မြို့နယ်ထွေအုပ်နှင့် ကင်းပန်းကျေးရွာအုပ်ကြီးတို့ အသတ်ခံရ

“ညက အသတ်ခံရတာပြောတယ်။ ကျွန်တော်လည်း ဒီမနက်မှသိရတာ”ဟု ၎င်းကပြောသည်။
ထို့အပြင် ပင်လယ်ဘူးမြို့နယ်ရှိ ကင်းပန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင် သေနတ်သမားများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် ကင်းပန်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ သေနတ်ဖြင့်ပစ်သတ်ခံရမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်မှ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ သွားသည့် ဦးကျော်ဆွေသည် ယမန်နေ့ည ၉နာရီခန့်တွင် သေနတ်သမားများက ပစ်သတ်သွားခြင်းဖြစ်ကြောင်း အဆိုပါမြို့ဒေသခံတစ်ဦးက ပြောသည်။

“ညက အသတ်ခံရတာပြောတယ်။ ကျွန်တော်လည်း ဒီမနက်မှသိရတာ”ဟု ၎င်းကပြောသည်။

ထို့အပြင် ပင်လယ်ဘူးမြို့နယ်ရှိ ကင်းပန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင် သေနတ်သမားများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကခန့်အပ်သော မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ မကြာခဏအသတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအထက်ရှိ မိုင်ဆတ်ကောင်စီတပ်စခန်းအား ယနေ့ ဧပြီ ၃ရက် နံနက် ၇နာရီခွဲတွင် KIA တပ်မဟာ(၃)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။