Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝါရင့်လူရွှင်တော်ကြီး (ဦး)မေတ္တာ ကွယ်လွန်

နော့်အဖေ နေ့လည် ၁၂နာရီမှာ ဆုံးသွားပါတယ်ခင်ဗျာ” လို့ (ဦး)မေတ္တာရဲ့သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

ဝါရင့်လူရွှင်တော်တစ်ဦးဖြစ်တဲ့ (ဦး)မေတ္တာဟာ ဒီကနေ့ (သြဂုတ် ၂)မှာ ကွယ်လွန်သွားတယ်လို့ သတင်းရရှိပါတယ်။

“ ကျနော့်အဖေ နေ့လည် ၁၂နာရီမှာ ဆုံးသွားပါတယ်ခင်ဗျာ” လို့ (ဦး)မေတ္တာရဲ့သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

လူရွှင်တော်မေတ္တာရဲ့အမည်ရင်းက ဦးခင်မောင်မြင့်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၆၇)နှစ်ရှိပါပြီ။

ကိုဗစ်တတိယလှိုင်းကူးစက်ပြန့်ပွားနေတဲ့လက်ရှိကာလမှာ ရောဂါကူးစက်ခံရတာကြောင့် စာပေပညာရှင်တွေ အနုပညာရှင်တွေအပါအဝင် ပြည်သူအများအပြား သေဆုံးနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း ဝါရင့်လူရွှင်တော်တစ်ဦးဖြစ်တဲ့ (ဦး)ဒီလုံး ကွယ်လွန်ခဲ့ပါတယ်။