Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူတစ်ဦးထပ်မံကျဆုံးပြီး နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်း ၉၄၆ဦးရှိလာ

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ ဩဂုတ် ၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၈ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထပ်မံဖော်ပြထားသည်။ ထိုပြစ်ဒဏ် ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

မြင်းခြံမြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦးကျဆုံးခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလ အတွင်း ယမန်နေ့အထိ ကျဆုံးခဲ့ရသူ စုစုပေါင်း၉၄၆ ဦး ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ ဩဂုတ် ၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၈ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထပ်မံဖော်ပြထားသည်။ ထိုပြစ်ဒဏ် ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုမှ ဇူလိုင် ၆ ရက်တွင် ဖမ်းဆီးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာကုန်း ကျေးရွာမှ ရွာသား ငါးဦးအနက် တစ်ဦးဖြစ်သည့် ကိုမိုးဇော်မှာ စစ်ကြောရေးအတွင်းရရှိသော ဒဏ်ရာများဖြင့် ဇူလိုင် ၃၁ရက်တွင် မြင်းခြံဆေးရုံကြီး၌ ကျဆုံးသွားခဲ့ကြောင်း၊ ကိုမိုးဇော်၏ကျောပြင်တွင် ဓားဖြင့်မွှန်း၊ ဆေးလိပ်မီးဖြင့် ထိုးခံထားရသည့် ဒဏ်ရာများ၊ ရင်ညွန့်နှင့် ဝမ်းဗိုက်တွင် သေနတ်ဒင်ဖြင့် ထုထောင်းခြင်း ခံထားရသည့် ဒဏ်ရာများတွေ့ရှိ ရကြောင်း အေအေပီပီက ထုတ်ပြန်သည်။

ထို့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှ ရဲတပ်သား ကိုဖြိုးဇော်ဟိန်းကို အရပ်ဝတ်ဖြင့် ရဲများက ဩဂုတ်၁ ရက်တွင် ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း ထပ်မံဖော် ပြထား သည်။ နေပြည်တော်၊ ပျဉ်းမနား၌ ဆိုင်ကယ်သပိတ်စစ်ကြောင်းတွင် ပါဝင်သော လူငယ် သုံးဦးဖြစ်ကြသည့် ကိုစိုးသူရမိုး၊ ကိုအောင်မျိုးချစ် နှင့်ကိုဇော်ခက်တို့ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဩဂုတ်၁ ရက် ညတွင် နေအိမ်များ၌ လိုက်လံဖမ်းဆီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်ကို အကြမ်းဖက် စစ်အုပ်စုမှ ဇူလိုင်၃၀ ရက်နေ့ ညအချိန်တွင် နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...