ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)ရဲ့ စစ်ရေးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စောနေစိုးမြဟာ ကိုဗစ်ရောဂါနဲ့ ယမန်နေ့ညပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်စောနေစိုးမြဟာ ကိုဗစ်ရောဂါခံစားရပြီး ပြန် လည်သက်သာလာပြီးမှ ရောဂါပြန်ဖြစ်ပြီး အခုလို ဆုံးပါးသွားခဲ့တာလို့ ကရင်ငြိမ်းချမ်းရေးကောင်စီထံကနေ သိရပါတယ်။
“ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာပြီးမှ ပြန်ဖြစ်ပြီး ဆုံးသွားတာ။ည ၁၀ နာရီခွဲမှာပေါ့။ မဲဆောက်မှာဆုံးတာပါ။ ကိုဗစ်ရောဂါနဲ့ဆုံးတာပါ” လို့ ကရင်ငြိမ်းချမ်းရေးကောင်စီက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားပါတယ်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားအငယ်ဆုံးတစ်ဦးဖြစ်တဲ့ စောနေစိုးမြဟာ ကရင်ငြိမ်း ချမ်းရေးကောင်စီမှာ စစ်ရေးချုပ်တာဝန်ကို ယူထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement
ကရင်ငြိမ်းချမ်းရေးကောင်စီဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။




















































