Connect with us

Hi, what are you looking for?

News

အထူးကိုယ်စားလှယ်ခန့်အပ်မှုကိုကြိုဆိုပြီး လုပ်စရာများစွာရှိသေးတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

“မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ အထူးကိုယ်စား လှယ် Dato Erywan နဲ့အပြည့်အ၀ပူးပေါင်းလုပ်ဆောင်ဖို့၊ သူ့ရဲ့မြန်မာပြည်ခရီးစဉ်ကို အမြန်ဆုံးစီစဉ်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ဘရူနိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးကိုခန့်အပ်နိုင်ခြင်းအပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပြီး ဆက်လက်လုပ်ဆောင်စရာများစွာရှိသေးတယ်လို့ သတိပေးလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က အထူးကိုယ်စားလှယ်ခန့်အပ်နိုင်မှုဟာ အာဆီယံ ခေါင်း ဆောင်တွေရဲ့သဘောတူဆုံးဖြတ်ချက်ငါးရပ် အကောင် အထည်ဖော်ရေးရဲ့ အရေးကြီးဆုံးပထမခြေလှမ်း ဖြစ်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားပါတယ်။

“မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ အထူးကိုယ်စား လှယ် Dato Erywan နဲ့အပြည့်အ၀ပူးပေါင်းလုပ်ဆောင်ဖို့၊ သူ့ရဲ့မြန်မာပြည်ခရီးစဉ်ကို အမြန်ဆုံးစီစဉ်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အထူးကိုယ်စားလှယ်ဟာ သက်ဆိုင်ရာ Stakeholders အားလုံးတွေ့ဆုံပြီး အကျိုးရှိတဲ့တွေ့ဆုံဆွေးနွေးခွင့်ရရေးနဲ့ ရှည်ကြာ၊ ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေရှာရေးအတွက် မြန်မာစစ်တပ်အာဏာပိုင်တွေက အာမခံရမယ်လို့ ဘလာခရစ်ရှ်နန်က ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

Facebook