Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးတွေ့ဆုံ​ဆွေး​နွေး

စစ်တပ်ရဲ့ ဝန်ကြီးတစ်ဦးကိုမျှ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဝင်ဒီရှားမန်းနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေနဲ့ နိုင်ငံတကာက ကူညီဆောင် ရွက်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ NUG ရဲ့ ဝန်ကြီးကို အခုလို တွေ့ဆုံဆွေး နွေးတာမျိုးရှိပေမယ့် အကြမ်းဖက် စစ်တပ်ရဲ့ ဝန်ကြီးတစ်ဦးကိုမျှ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

Trending

Facebook