Connect with us

Hi, what are you looking for?

News

NUGကို ဥပဒေကြောင်းအရ တရားဝင်ထောက်ခံရေး ချက်သမ္မတနိုင်ငံ ကြိုးစားနေ

မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး အားပေးထောက်ခံနေပြီး မြန်မာပြည်သူ လူထုနဲ့ ခိုင်မာစွာရပ်တည်နေတယ်လို့ Mrs Eliska Zigova က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဥပဒေကြောင်းအရ တရားဝင်ထောက်ခံရေးအတွက် နိုင်ငံတကာဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ ချက်သမ္မတ နိုင်ငံခြားရေး အာရှနှင့်ပစိဖိတ်ရေးရာဌာန ဒါရိုက်တာက ပြောပါတယ်။

ချက်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာဌာန ဒါရိုက်တာ Mrs Eliska Zigova က NUG ရဲ့ကိုယ်စား လှယ် ဦးလင်းသန့်ကို ဒီနေ့လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့အရေးနဲ့ ကိုဗစ်ကာကွယ်ဆေးအပါအဝင် လူသား ချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ချက်သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး အားပေးထောက်ခံနေပြီး မြန်မာပြည်သူ လူထုနဲ့ ခိုင်မာစွာရပ်တည်နေတယ်လို့ Mrs Eliska Zigova က ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီရဲ့ ရက်စက်လူမဆန် စွာ သတ်ဖြတ်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချပြီး အဲဒီအကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတယ်လို့ ချက်နိုင်ငံက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook