Connect with us

Hi, what are you looking for?

News

ကပ်ရောဂါကိုလက်နက်အဖြစ်အသုံးချပြီး ပြည်သူလူထုကိုဖိနှိပ်သတ်ဖြတ်ပါက ပြင်းထန်စွာတိုက်ခိုက်မည်ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ သတိပေး၊ ယမန်နေ့က ရန်ကုန်တွင် နေရာလေးခုဖောက်ခိုက်တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟုဆို

၎င်းတို့အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာယာဥ်ထိန်းရုံး သတိပေးတိုက်ခိုက်မှု၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရေပေးဝေရေးရုံးအနီး စစ်ကင်းဖောက်ခွဲတိုက်ခိုက်မှု၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဖောက်ခွဲ တိုက်ခိုက်မှု နှင့် လမ်းမတော်မြို့နယ်ဘုန်းကြီးလမ်းယာဥ်ထိန်းရုံးသတိပေးတိုက်ခိုက်မှုတို့ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ)သည် ယမန်နေ့ (သြဂုတ်၆ ရက်)တွင် ရန်ကုန်မြို့၌ ဖောက်ခွဲတို က်ခိုက်မှု နေရာလေးခုတွင်ပြုလုပ်ခဲ့ပြီး ကပ်ရောဂါကို လက်နက်အဖြစ်အသုံးချ၍ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ် ပါက ပြင်းထန်စွာဦးတည်တိုက်ခိုက်မည်ဟု အဆိုပါအဖွဲ့က သတိပေးထုတ်ပြန်သည်။

၎င်းတို့အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာယာဥ်ထိန်းရုံး သတိပေးတိုက်ခိုက်မှု၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရေပေးဝေရေးရုံးအနီး စစ်ကင်းဖောက်ခွဲတိုက်ခိုက်မှု၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဖောက်ခွဲ တိုက်ခိုက်မှု နှင့် လမ်းမတော်မြို့နယ်ဘုန်းကြီးလမ်းယာဥ်ထိန်းရုံးသတိပေးတိုက်ခိုက်မှုတို့ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ရန်သူ ဖက်ဆစ်အုပ်စုလက်အောက်ခံ အနည်းဆုံး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်တွေ့မြေပြင်တွင် ထိုပမာဏထက် ပိုပိုများပြားနိုင်သည်ဟု ဖ.ဆ.လ.တက ဖော်ပြထားသည်။

ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း ပြည်သူလူထုကျန်းမာရေးလိုအပ်ချက်များအတွက် ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် လူစုလူဝေးပြုလုပ်ခြင်း၊ တန်းစီစောင့်ဆိုင်ခြင်း၊ ကူးလူးသွာလာခြင်းများမဖြစ်မနေ ဆောင်ရွက် နေသည်ကို တွေ့ရှိ၍ မြို့ပြပြောက်ကြားစစ်ဆင်ရေးလှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ လျော့ချထားခဲ့ ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော်ဖက်ဆစ်အုပ်စုနှင့် ၎င်း၏ တပ်ဖွဲ့များသည် ကျန်းမာ‌ရေးလိုအပ်ချက်အရ သွားလာလှုပ်ရှားနေသော ပြည်သူလူထုကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ကျန်းမာရေးပစ္စည်းများကို သိမ်းဆည်းခြင်း၊လက်နက်ဖြင့် ခြိမ်းခြောက်လူစုခွဲခြင်း စသည်တို့ကို လူမဆန်စွာပြုမူနေသည့်အပြင် ပြည်သူလူထု၏ အထွေထွေအကြပ် အတည်းကို အရပ်ဝတ်ဖြင့်တိုက်ခိုက်ခြင်း စသည်ဖြင့် တရားလက်လွတ်ပြုမူနေသည်ကို တွေ့ရှိ၍ သတိပေး တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ကပ်ရောဂါကို လက်နက်အဖြစ်အသုံးချကာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုများဆက်လက် လုပ်ဆောင်ပါက အဆိုပါကိစ္စရပ်များတွင်ပါဝင်ပတ်သက်သူအားလုံးကို ပြင်းထန်စွာဦးတည်တိုက်ခိုက်သွားမည်ဟု ဖ.ဆ.လ.တ က သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook