မန္တလေးမြို့၌ စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
မန္တလေးမြို့ရှိ အသီးသီးသောသပိတ်စစ်ကြောင်းများ သည် စစ်အာဏာရှင်ဖြုတ်ချရေးနေ့စဥ်ချီတက်ဆန္ဒပြနေကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၄ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၉၁ ရက်ရှိပြီဖြစ်သည်။
