Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်ဖြုတ်ချ​ရေးရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်း၏ အမျိုးသမီးသပိတ်

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၈ ရက်ရှိပြီဖြစ်သည်။

ဓါတ်ပုံ - ပြည်သူ့ မီဒီယာကွန်ယက်မုံရွာ

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အမျိုးသမီးများဦးဆောင်၍ အမျိုးသမီးသပိတ်အဖြစ် ယ​နေ့ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းသည် ရက်​ပေါင်း ၁၆၀ရက်​မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၈ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၉၅ ရက်ရှိပြီဖြစ်သည်။