စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်ကို အမျိုးသမီး စစ်သည်တစ်ဦး ရပ်တည်လာတယ်လို့ people’s soldier ဖေ့ဘွတ်ခ်စာမျက်နှာကအသိပေးထားပါတယ်။
အဲဒီအမျိုးသမီးစစ်သည်ဟာ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကာ ကိုယ်ပိုင်အမှတ် မ ၄၉၃၃ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းဖြစ်တယ်လို့ သိရပါတယ်။
တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းဟာ လက်ရှိမှာတော့တောတွင်းတစ်နေရာကိုရောက်ရှိနေပြီဖြစ်ပြီး အခုလို ဖော်ပြတာဟာ ကာယကံရှင်ရဲ့ခွင့်ပြုချက်နဲ့ဖော်ပြတာလို့ စစ်တပ်ကိုစွန့်ခွာလာသူတွေအကြောင်း တင်ပြနေတဲ့ people’s soldier ဖေ့ဘွတ်ခ်စာမျက်နှာကဆိုထားပါတယ်။