Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီဆက်လက်ထိုးစစ်ဆင်၍ ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှသုံးဦးသေ၊ ​ခြောက်ဦးဒဏ်ရာရ

တားမြစ်နယ်မြေကျော်လွန်လာပါက တိုက်ပွဲဖြစ်နိုင်ကြောင်း KNUဘက်က သတိပေးထားသည့်ကြားမှ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ ယနေ့ညနေပိုငး၌ ကော့ကရိတ်မြို့နယ် ရေတွင်ဖြူနှင့်အံဖလေးရွာကြားတွင် တိုက်ပွဲ ၁နာရီခန့် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်သို့ စစ်ကောင်စီတပ်က ယနေ့ ဆက်လက်ထိုးစစ်ဆင်လာ၍ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၆)၏ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

တားမြစ်နယ်မြေကျော်လွန်လာပါက တိုက်ပွဲဖြစ်နိုင်ကြောင်း KNUဘက်က သတိပေးထားသည့်ကြားမှ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ ယနေ့ညနေပိုငး၌ ကော့ကရိတ်မြို့နယ် ရေတွင်ဖြူနှင့်အံဖလေးရွာကြားတွင် တိုက်ပွဲ ၁နာရီခန့် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

တားမြစ်နယ်မြေထက်ကျော်လာသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုမှ နှစ်ဦးသေပြီး ဒါဏ်ရာရသူ ​လေးဦးရှိကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

ထို့နောက် ယနေ့ညနေပိုင်း၌ ကော်သနော့ရွာအနီး၌ KNU တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ကွင်းကလေး ရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စုစခန်းမှ ဒါဏ်ရာရသူကို လာသယ်သည့် အကြမ်းဖက်စစ်အုပ်စု အပြန်လမ်း၌ တားမြစ်နယ်မြေထက် ကျော်လွန်လာ၍ KNLAက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးဟု ဖော်ပြထားသည်။

ယမန်နေ့ကလည်း KNUတပ်မဟာ(၆)နှင့် စစ်ကောင်စီတပ်တို့ ကွင်းကလေးကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်ကောင်စီဘက်က စစ်အင်အားတိုးမြင့်ချထားသည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်များက ဒေသခံများအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲရန် အမျိုးသားများအား ရှာဖွေခြင်း ပြုလုပ်ခဲ့သည်ဟု ဒူးပလာယာခရိုင်ကထုတ်ပြန်ထားသည်။ တိုက်ပွဲကြောင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

အဆိုပါ ဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရာတွင် ၎င်းနှင့်အတူ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များလည်း ပါဝင်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook