Connect with us

Hi, what are you looking for?

News

KNU ထိန်းချုပ်နယ်​မြေထဲ ဒီမနက် စစ်​ကောင်စီ​​လေယာဥ် ပျံဝဲတာ​တွေရှိ​နေ

လတ်တလောမှာတော့ ကေအဲန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ နယ်မြေထဲမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ KNLA တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံလူထုတွေ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။

People's Spring
People's Spring

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံခရိုင်နဲ့ ဒူးပလာယာခရိုင်ထဲကို ဒီကနေ့ မနက် ၈ နာရီအချိန်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီစစ်လေယာဉ် လာရောက်ပျံဝဲတာ​တွေရှိတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

“လေယာဉ်က နိမ့်နိမ့်လေးပဲ။ အထင်းသားမြင်နေရတယ်။ အစိမ်းအပြာရောင်။ ဒီမှာက လယ်ကွင်းထဲဆိုတော့ မြင်နေရတာလေ။ ကင်းလာထောက်တဲ့ပုံပဲ” လို့ ဒေသခံတွေကပြောပါတယ်။

ကေအဲန်ယူရဲ့ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၊ နို့တကောမြို့နယ်တွေဘက်မှာပါ လာရောက်ထောက်လှမ်းမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လတ်တလောမှာတော့ ကေအဲန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ နယ်မြေထဲမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ KNLA တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံလူထုတွေ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook