Connect with us

Hi, what are you looking for?

News

ရန်ကုန်သပိတ် ဖြိုခွင်းခံခဲ့ရပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ယနေ့(သြဂုတ် ၂၇ရက်) နေ့လည်ပိုင်းကပြုလုပ်သည့် စစ်အာဏာရှင်ဖြုတ်ချရေး လူထုစုပေါင်းသပိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ဖြိုခွင်းခဲ့ပြီး လူငယ်တစ်ဦးဖမ်းဆီးခံလိုက်ရကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။

“သပိတ်ပြီးခါနီးမှာ ရဲကားတွေနဲ့ ရောက်လာပြီး ဖြိုခွင်းခံရတာပါ။ သပိတ်ထဲက လူငယ်တစ်ဦးတော့ ဖမ်းခံလိုက်ရပါတယ်။ ဘယ်သူမှန်းတော့ သေချာမသိသေးပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါသပိတ်ကို ရန်ကုန်တကသကျောင်းသားများနှင့် မြို့နယ်ပေါင်းစုံသပိတ် အင်အားစုတို့ စုပေါင်း၍ “ပြည်သူအားလုံးဆင်နွှဲ လူထုလွတ်မြောက်ရေးတိုက်ပွဲ” ခေါင်းစဥ်ဖြင့် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook