Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ညီညွတ်စွာတိုက်ပွဲဝင်ကြရန် တိုင်းရင်းသားတပ်များနှင့် PDFများအား KNU Concerned Group တိုက်တွန်း

KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်ပြီး နယ်ပယ်အသီးသီးမှကရင်တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းစေရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် အတွက် နွေဦးတော်လှန်ရေးကြီးနှင့်အတူ တညီတညွတ်တည်းတိုက်ပွဲဝင်သွားကြရန် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအား တိုက်တွန်းနှိုးဆော်ကြောင်း KNU Concerned Group က ထုတ်ပြန်သည်။

KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်ပြီး နယ်ပယ်အသီးသီးမှကရင်တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့၏ နိုင်ငံရေး ရပ်တည်ချက်များဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့၏ တော်လှန် ရေးရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက် ရေးနှင့် ထပ်တူဖြစ်သောကြောင့် KNU Concerned Group အနေဖြင့် CRPH/NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်သူလူထု၏ ဆန္ဒကိုဆန့်ကျင်၍ စစ်တပ်က အတင်း အဓမ္မအာဏသိမ်းလိုက်သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ၂၀၁၅ က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်ပြယ်သွားပြီဟု မှတ်ယူ ကြောင်းလည်း ဖော်ပြထားသည်။ NCA သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တော်လှန် ရေးပန်းတိုင်ကို မရောက်နိုင်သည့်အပြင် ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လက်နက်ကိုင်တော်လှန် ရေးကို စွန့်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်သို့ သွတ်သွင်းနေသည့် စာချုပ် ဖြစ်သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ ဆန္ဒပြပြည်သူလူထုများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးသတ်ဖြတ်သည်မှာ ထောင်ကျော်ပြီဖြစ်သည့်အပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအသီးသီး တို့တွင် ထိုးစစ်များ ထပ်မံဆင်နွှဲလာနေကြောင်း၊ လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်မှ စစ်ဆင်ရေးများ ပိုမိုလှုပ်ရှားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

(ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇)၏ အပတ်စဉ် (၉) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနား ယ​နေ့ ကျင်းပ​နေစဥ် ၊ဓါတ်ပုံ – KIC)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။