Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ညီညွတ်စွာတိုက်ပွဲဝင်ကြရန် တိုင်းရင်းသားတပ်များနှင့် PDFများအား KNU Concerned Group တိုက်တွန်း

KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်ပြီး နယ်ပယ်အသီးသီးမှကရင်တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းစေရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် အတွက် နွေဦးတော်လှန်ရေးကြီးနှင့်အတူ တညီတညွတ်တည်းတိုက်ပွဲဝင်သွားကြရန် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအား တိုက်တွန်းနှိုးဆော်ကြောင်း KNU Concerned Group က ထုတ်ပြန်သည်။

KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်ပြီး နယ်ပယ်အသီးသီးမှကရင်တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့၏ နိုင်ငံရေး ရပ်တည်ချက်များဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့၏ တော်လှန် ရေးရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက် ရေးနှင့် ထပ်တူဖြစ်သောကြောင့် KNU Concerned Group အနေဖြင့် CRPH/NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်သူလူထု၏ ဆန္ဒကိုဆန့်ကျင်၍ စစ်တပ်က အတင်း အဓမ္မအာဏသိမ်းလိုက်သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ၂၀၁၅ က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်ပြယ်သွားပြီဟု မှတ်ယူ ကြောင်းလည်း ဖော်ပြထားသည်။ NCA သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တော်လှန် ရေးပန်းတိုင်ကို မရောက်နိုင်သည့်အပြင် ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လက်နက်ကိုင်တော်လှန် ရေးကို စွန့်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်သို့ သွတ်သွင်းနေသည့် စာချုပ် ဖြစ်သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ ဆန္ဒပြပြည်သူလူထုများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးသတ်ဖြတ်သည်မှာ ထောင်ကျော်ပြီဖြစ်သည့်အပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအသီးသီး တို့တွင် ထိုးစစ်များ ထပ်မံဆင်နွှဲလာနေကြောင်း၊ လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်မှ စစ်ဆင်ရေးများ ပိုမိုလှုပ်ရှားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

(ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇)၏ အပတ်စဉ် (၉) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနား ယ​နေ့ ကျင်းပ​နေစဥ် ၊ဓါတ်ပုံ – KIC)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook